/ * မထင်မှတ်တဲ့သတင်း
မကြားလိုတဲ့ စကား
ငါ့ရင်အစုံကို ရိုက်ခတ်
ကမ္ဘာမြေမှာ သူမရှိတော့ဘူးတဲ့  ---
/* ကြားလိုက်ရ သည်ခဏ
ရင်တွင်းမှာနာကျင်
နားနှစ်ဖက် ကို အလန့် တကြားပိတ်မိ
ဘယ်လိုမှ မယုံကြည်နိုင်ဘူးလေ ---
/* အေးစက်စက် သူ့ လက်ဖ၀ါး
ဖြူလျော့လျော့ သူ့ နှုတ်ခမ်း
ပကတိ အေးချမ်းတဲ့  သူ့ မျက်နာ
အသေအချာကြည့်ရင်း
မျက်ရည်စ တွေနဲ့ေ၀၀ါး
အဲဒါ
အိမ်မက် မဟုတ်ဘူးတဲ့  ---
/* ပြန်မလာနိင်တော့ဘူး
ပြန်မဆုံနိုင်တော့ဘူး
ဆုံစည်းခွင့် ဆိုတဲ့ ကံတရားကို
သူ အရင်ချိုးဖောက်သွားပြီ ----
/* သူ ပေးခဲ့တဲ့ အမှတ်တရ
သူ ပေးခဲ့တဲ့ နာကျင်မှု့ 
သူ့ အတွက် ငါ့ရင်ထဲက မျော်လင့်ခြင်းအားလုံး
သူနဲ့ အတူ မြုပ်နှံဖို့  ငါ မလုပ်ရက်ပါဘူး လောကကြီးရယ် ---
/* ငါ မနမ်းခဲ့ဖူးတဲ့  သူ့ မျက်နာကို
တစ်သက်တာ ထာဝရ
မေ့မရအောင် ဖတ်ရှု့ ရင်း
သတိလက်လွတ်ငိုကြွှေး
တလောကလုံးကို မေ့လျော့ သွားခဲ့တယ် ----
(တစ်ချိန်က ချစ်ခဲ့ရသော သူငယ်ချင်းချစ်သူ ကြွက်ကလေး သို့  2နစ်ပြည့် အလွမ်း)
သီးသစ်စ မှကြိုဆိုပါ၏
2009-09-09
Subscribe to:
Post Comments (Atom)



No comments:
Post a Comment