အမေ့ဉာဏ်နား ဝင် စံစားစေ (၁)
အရှင် ဉာဏိက
ထာဝရ မြစ်
-----------------
သားပြုံးလျင် အမေပျော်
သားပျော်တော့ အမေလန်း
မေ့မေတ္တာ သီတာစမ်း
ဘယ်ဘယ်ခါ မခန်း
(ဉာဏ်ဦးမောင်)
မနေ့က ရွာက (ဒကာမကြီး) အမေ့ဆီကို ဖုန်းဆက်ဖြစ်တယ်။ အမေက နားကောင်းကောင်း
မကြားဘူးလေ။ ဒီတော့ အမေပြောချင်တာကိုပဲပြော၊ ဒီဖက်က အကုန်ကြားတယ်၊ နားထောင်
နေတယ်ဆိုပြီး ပြောခိုင်းတော့ အမေက ‘အမေကတော့ ဦးဇင်းတစ်ခေါက်လောက် ရွာပြန်လာ
စေချင်တယ်’ရယ်လို့ ပြောပါတယ်။ အမေ့စကားထဲမှာ အရင်ကလို ‘ရွာပြန်လာဦး’ လို့  မပြော
ခဲ့တာကို သတိထားမိလိုက်တယ်။ အရင်က ဖုန်းဆက်ဖြစ်လျင် ရွာပြန်လာဦးလို့  ပြောနေကျ။
တော်တော်နဲ့  ရွာမပြန်လာဦးမှန်း သိလို့ လေလား၊ သူ့ ဖက်ကပဲ သဘောထားပြောင်းသွားလို့ 
လေလားတော့ မသိဘူး။ ခုတစ်ခါတော့ ရွာပြန်လာဦးဆိုတ့အစား ဦးဇင်းတစ်ခေါက်လောက်
တော့ ပြန်လာစေချင်တယ်လို့ပဲ ပြောခဲ့တယ်။ ကြားနေကျ ပြန်လာဦးလို့ ပြောတဲ့စကားထက်
အမေကတော့ တစ်ခေါက်လောက်တော့ ပြန်လာစေချင်ပါတယ်ဆိုတဲ့စကားက နားထဲမှာ မှတ်
မှတ်သားပိုဖြစ်မိတယ်။
တကယ်တော့ မိခင်တွေဆိုတာ သားသမီးတွေကိုယ့် အနီးအနားမှာပဲ နေစေလိုမှာပါ။ သို့ပေ
မယ့် ကာလဒေသ အချိန်အခါနဲ့  အခြေအနေအရ အနီးမှာနေတာထက် အဝေးမှာနေတာက
သားသမီးတွေအတွက် ပိုမိုအဆင်ပြေတယ်ဆိုလျင်ဖြင့် အနီးကိုလာနေစေလိုတဲ့ သူတို့ရ့ဆန္ဒ
ကို ဦးစားပေးလိုတော့မယ် မဟုတ်ပါဘူး။ ဒီအခါမျိုးမှာ ကိုယ့်အမေလိုပဲ အခြားအခြား အမေ
တွေလည်း ‘ပြန်လာဦး’ ဆိုတဲ့ စကား အစား အမေကတော့ တစ်ခေါက်လောက်တော့ လာစေ
ချင်တာပါပဲလို့ ပြောလေမလားပါပဲ။ သားသမီးတွေ တနယ်ဝေးမှာ အခြေချနေတဲ့အခါမျိုးမှာ
သားသမီးတွေအပြန်ကို မျှော်နေပေမယ့်၊ ပြန်လာစေချင်ပေမယ့် ကိုယ့်အမေလိုပဲ ပြန်လာပါဦး
လို့တောင် မပြောရက်မယ့် အမေတွေကို စိတ်ထဲမြင်ယောင်မိတယ်။
2
ကိုယ်က ရွက်ကျပင်လိုသူလေ။ ရောက်ရာအရပ်မှာ ပျော်တတ်သူ။ ဒီတော့ ကိုယ့်မိခင်ဖခင်
တွေကိုလည်း တစ်ခါတရံမှသာ သတိရတတ်သူ။ တစ်ခုတော့ တော်သေးရဲ့လို့ဆိုနိုင်တာက
သတိရတဲ့အခါတိုင်းမှာ တစ်ခုခုပံ့ပိုးပေးဖို့ပါ ပူးတွဲသတိရမိတတ်လို့ပါ။ နောက်ပြီး တတ်နိုင်သ
မျှလည်း ပံ့ပိုးပေးခဲ့ပါတယ်။ ဒီအတွက်တော့ ကျေနပ်စိတ်လေး ဖြစ်မိပါတယ်။ဒါပေမယ့် အလျင်
ကနဲ့မတူ အမေကတော့ တစ်ခေါက်လောက်တော့ ပြန်လာစေချင်တာပဲဆိုတ့စကားက အမေ
တွေလိုချင်တ့အရာဟာ ဒီလို ပံ့ပိုးပေးမှုမျိုးသာ ဟုတ်လိမ့်မယ် မဟုတ်ဖူးလို့လည်း စာနာစွာ
နားလည်မိလိုက်ပါတယ်။
ဒါကြောင့်
အမေ့ကို
သီးသန့်ရည်ရွယ်ကာ
စာလေးတစ်ပုဒ်ရေးဖို့ပါ
စိတ်ကူးဖြစ်မိပါတယ်။
တကယ်တော့ ဒီစိတ်ကူးက မိခင်အရင်းတစ်ယောက်ထဲကိုသာ အခြေခံကာ ရုတ်တရက် ပေါ်ခဲ့
တာတော့လည်း မဟုတ်ပါဘူး။ ကိုယ့်မိခင်အရွယ် တကာမကြီးများရဲ့ မိခင်နဲ့တူတဲ့ စောင့်
ရှောက်မှုမျိုးကို ဟိုအရင် ငယ်ငယ်ကထက် ခုနောက်ပိုင်းမှာ ပိုမိုထိတွေ့ ခံစားလာရတယ်လို့ ယုံ
ကြည်နေမိတာ၊ အတန်ကြာပြီ။ ဒါကြောင့် ကိုယ့်အပေါ် ဂရုပြုမှုရှိတဲ့ ကရုဏာရှင် မိခင်တွေကို
တခုခုတော့ ကျေးဇူးစကား အမှတ်တရ ပြန်ပြောဦးမှလို့ စိတ်ကူးဖြစ်မိတာ ကြာနေခဲ့တာ
လည်း အကြောင်းတစ်ချက်အဖြစ် ပါဝင်ပါတယ်။
အခြားအကြောင်းအရာများနဲ့ပတ်သက်ပြီး ကိုယ်တတ်နိုင်တာလေး ပြောပြ၊ ရေးပြခဲ့ပေမယ့်
မိခင်တွေအတွက် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြီး ရေးခဲ့တ့စာမျိုးတော့ မရှိခ့သေးဖူးလေ။ ခု
တော့ အဲဒီမရှိဘူးသေးတဲ့ အရာကိုပဲ အမေ့ရဲ့စကားက ထပ်ဆင့်အားပေးလိုက်သလိုဖြစ်လို့မို့
အထူးအားထုတ်မှု တစ်ခုအနေနဲ့ ရေးလိုက်ပါပြီ။
တကယ်တော့ ကိုယ့်အပေါ်ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးတရားကို စာလေးတစ်ပုဒ်တလေမျှ ရေး
ပြရုံနဲ့ ကျေနိုင်မယ် မဟုတ်ဘူးဆိုတာကိုတော့လည်း သိပါတယ်။ သို့ပေမယ့် ခုဒီစာက ကိုယ့်ကို
ကိုးလလွယ် ဆယ်လဖွား၊ဆင်းရဲဒုက္ခ အမျိုးမျိုးကြားကပဲ အားခဲမွေးမြူစောင့်ရှောက်ခ့တဲ့ ကိုယ့်
မိခင်ကြီးကိုရော၊ မိခင်လိုပဲ စောင့်ရှောက်ကြတဲ့ မိခင်အလား ကျေးဇူးများသူတွေအတွက်ရော
အကျိုးများပါစေဆိုတဲ့ စေတနာရည်ရွယ်ဦးလေးနဲ့ အထူးပြုကာ ရေးတာမို့ မိခင်တွေအတွက်
တစုံတရာ အကျိုးကျေးဇူးရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ရှိနိုင်ပါစေလို့လည်း ဆုတောင်းပေး
ပါတယ်။
ဗုဒ္ဓအဆုံးအမ မွန်မြတ်တဲ့ တရားအလှ ဓမ္မရသတွေကို အခြခံကာ ရေးသားမယ့် ဒီစာစုလေး
တွေဟာ သားနဲ့ဝေးနေတဲ့ အမေ့ဉာဏ်နား၊ သားသမီးတွေနဲ့ နီးသော်လည်း ဝေးနေတယ်လို့
ခံစားနေမယ့် အမေတို့ ဉာဏ်နား၊ နောက်ပြီး ကိုယ့်အမေလိုပဲ သားသမီးတွေနဲ့ ဝေးနေရတဲ့
3
အမေတို့ ဥာဏ်နားမှာ ညင်သာပျော့ပျောင်းစွာ ဝင်စံစားနိုင်ပါစေလို့လည်း မေတ္တာဆန္ဒ ပြု
လိုက်ပါတယ်။
လူသားတွေဆိုတာက တစ်ဦးနဲ့တစ်ဦး ဘဝအကျိုးပေး မတူနိုင်ဖူးလေ။ နောက်ပြီး ဝါသနာ
လည်း မတူနိုင်ပါဘူး။ ရည်ရွယ်ချက်ခြင်းကလည်း တခြားစီ။ ဒီတော့ ကိုယ့်ဘဝကို ပုံဖော်ကြပုံ
ခြင်းလည်း မတူကြပါဘူး။ တချို့က ကိုယ့်မွေးမြေဇာတိမှာ။ တချို့ ကတော့ တစ်နယ်ဝေးမှာ
အခြေချကာ ကိုယ့်ဘဝကို ပုံဖော်တည်ဆောက်ကြတယ်။ ဇာတိမြေကို မချစ်လို့ စွန့်ခွါသွားသူ
တွေ ရှိနိုင်သလို ချစ်လျက်နဲ့ ခွဲခွါကြရသူတွေလည်း ရှိမှာပါပဲ။ မချစ်လို့ပဲ ခွဲခွဲ၊ ချစ်လျက်န့ပဲ ခွဲခွဲ။
သာမန်ဆိုလျင်တော့ ကွဲကွာမှုဆိုတာက ကောင်းတဲ့အရာမျိုးမှ မဟုတ်တာ။ သို့ပေမယ့် ခွဲခွာမှု
ရဲ့နောက်မှာ လေးနက်တဲ့ အခြားအဓိပ္ပါယ်မျိုးလည်း ရှိနိုင်ပြန်တယ်လေ။ ပြောခဲ့သလို မတူတဲ့
ဘဝတွေရ့နောက်မှာ အခြားသော မတူညီမှုတွေကလည်း ပူးတွဲကာ ပါလာတတ်တာမျိုး။ ရည်
ရွယ်ချက်တွေ ဘယ်လိုပင်ကွဲကွဲ။ အနေတွေ ဘယ်လိုပင်ဝေးဝေး။ သားသမီးတွေဟာ သား
သမီးတွေ၊ အမေတွေဟာလည်း အမေတွေပါပဲဆိုတဲ့ အတွေးလေးရမိလို့ အမှတ်တရ ပြော
လိုက်တဲ့ ဒီစာလေး။ ဒီစာလေးနဲ့စပ်ပြီး ဝိသုဒ္ဓိမဂ်ကျမ်းမှာလာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကများ
အမေ့အတွက် ဖြေဆည်ရာ ဆေးတစ်ခွက် ဖြစ်နိုင်လေမလား။ အမေဖတ်ကြည့်ဦးပေါ့နော်။
သီဟိုဠ်သာသနာထွန်းကားစဉ်က ကောဏ္ဍကကျောင်းမှာသီတင်းသုံးနေထိုင်တဲ့ အညတြ ရ
ဟန်းငယ်လေးတစ်ပါး ရှိခ့ဘူးတယ်တဲ့ အမေ။ သူသီတင်းသုံးနေတဲ့ ကောဏ္ဍကကျောင်းရဲ့
ကျောင်းထိုင် ဆရာတော်က သူ့မိခင်ရဲ့ အကိုတော်သူပါ။ အညတြရဟန်းငယ်ရဲ့ ဦးရီးတော်ပေါ့။
ရဟန်းငယ်လေး မိဘများကလည်း ကောဏ္ဍကကျောင်းရဲ့ အဓိက ဒကာများပါပဲ။ တနေ့တော့
ရဟန်းငယ်လေးက ပါဠိစာပေသင်ယူဖို့ မွေးရပ်ရွာနဲ့ အလှန်းဝေးတဲ့ ရောဟဏရွာကြီးဆီကို
ကြွသွားခဲ့တယ်။ နှစ်အတော်ကြာသည့်တိုင် နေရပ်ကို ပြန်မလာတဲ့အတွက် မိခင်ကြီးက အကို
တော်ဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကို သူ့သားရဟန်းကို ပြန်ခေါ်ပေးဖို့ အတန်တန် ပူဆာ
တာနဲ့ မနေသာတော့ပဲ တူတော်မောင် ရဟန်းငယ်ကိုပြန်ခေါ်ဖို့  ထွက်ခွါသွားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အညတြရဟန်းငယ်လေးကလည်း စာပေသင်ယူတာ အတန်ခရီး
ရောက်။နောက်ပြီး မိဘများ၊ ဦးရီးတော်ဆရာသမားများနဲ့ မတွေ့တာလည်း အတော်ကြာလာ
တာကြောင့် မွေးရပ်ရွာကိုပြန်ဖို့ နေထိုင်ရာ ရောဟဏရွာကြီးကနေ ထွက်လာခဲ့ပါတယ်။ တူ
တော်မောင်ရဟန်းငယ်လေးနဲ့ ဦးရီးဆရာတော်တို့ လမ်းခုလတ်တစ်နေရာမှာ ဆုံမိကြပါတယ်။
ဒီတော့ ဦးရီးတော်က သူ့နှမဖြစ်တဲ့ ရဟန်းတော်လေးရဲ့မိခင် မှာလိုက်တ့စကားကို တူတော်
ရဟန်းကို ပြောပြပြီး မိခင်ရှိရာရွာ ဆက်လက်ကြွသွားဖို့ မိန့်ကြားပါတယ်။ သူကတော့ ဒီဂင်္ဂါ
မြစ်ကမ်းမှာပဲ တစ်ဝါဆိုတော့မယ်ရယ်လို့ မိန်ကြားကာ ဝါကပ်သီတင်းသုံးတော်မူပါတယ်။
4
ရဟန်းငယ်လေးလည်း သူ့ရည်ရွယ်ချက်အတိုင်း မွေးရပ်ရွာကို ဆက်လက်ကြွခ့ပါတယ်။ သူရွာ
ကိုရောက်တဲ့
နောက်မနက်ခင်းမှာပဲ
သူ့ရဲ့ခမည်းတော်ဖခင်ကြီး
ကျောင်းကိုရောက်လာပါ
တယ်။ ရောက်တယ်ဆိုလျင်ပဲ ကျောင်းဒကာပီပီ ပြုနေမြဲ ဝတ်တရားအတိုင်း ဧည့်သည်ရဟန်း
ငယ်ကို သူ့အိမ်ကိုကြွရောက်ပြီး ဝါတွင်းသုံးလပတ်လုံး ဆွမ်းစားကြွဖို့ ပင့်လျှောက်ပါတယ်။
ကျောင်းကိုရောက်လာတဲ့ ဧည့်သည်ရဟန်းတိုင်းကို ပင့်ဖိတ်လေ့ရှိတ့အတိုင်း ပင့်ဖိတ်တာပါ။
သူ့သားရဟန်းရယ်လို့တော့ မမှတ်မိပါဘူး။ ရဟန်းငယ်ကလည်း သူဟာ ကျောင်းဒကာကြီးရဲ့
သားရဟန်းဖြစ်ကြောင်း မမိန့်ခဲ့ပါဘူး။
မိဘနဲ့ဆရာသမားတွေကိုငဲ့လို့ မွေးရပ်မြေကို တစ်ခေါက်အရောက် ကြွလာပေမယ့် ရဟန်းငယ်
လေးရဲ့ သန္တာန်မှာ မိဘရယ်လို့ ထူးကာ တွယ်တာမှု ရှိမနေခဲ့ပါဘူး။ သူ့မိဘတွေကိုလည်း
သူဟာသူတို့ရဲ့ သားပါလို့ အသိပေးခြင်းဖြင့် သားအပေါ်မှာ တွယ်တာမှု ပိုစေချင်ဟန် မတူပါ
ဘူး။ ငြိတွယ်မှုရဲ့ဆင်းရဲဒဏ်ကို နားလည်သူတစ်ဦးအတွက် ဘယ်သူ့ကိုမှ ဒီဒဏ်မျိုး သင့်စေ
ချင်မယ် မဟုတ်ပေဘူးပေါ့။ ဒီအထဲမှာ ကိုယ့်အပေါ် ကျေးဇူးကြီးမားတဲ့ မိခင်တွေ ထိပ်ဆုံးက
ပါဝင်နေမှာကလည်း အဆုံးစွန်တွယ်တာမှု မကင်းနိုင်သေးသူများအတွက် ဘက်လိုက်တယ်
မဆိုသာတဲ့ အမှန်တရားတစ်ခုပဲဖြစ်မှာပါ။
မိခင်ကြီးလည်း တစ်ဝါတွင်းလုံး သားတော်ရဟန်းငယ်ကို ဆွမ်းဝတ်မပြတ် လုပ်ကျွေးခဲ့ပေမယ့်
သူဆွမ်းဝတ်ပြုနေတဲ့ ရဟန်းဟာ သူတို့သားတော် အရင်းရယ်လို့ အမှတ်မပြုမိခဲ့ပါဘူး။ ဝါကျွတ်
တဲ့အခါမှာတော့
ရဟန်းငယ်လေးက
ဆွမ်းဒကာများကို
သူပြန်ကြွတောာ့မယ်ဆိုတဲ့
အ
ကြောင်း မိန့်ကြားပါတယ်။ မပြန်မီမှာ ဆွမ်းဒကာမိဘများက ရဟန်းငယ်လေးကို သင်္ကန်းလျာ
အဝတ်စ။ တင်းလဲနဲ့ ဆီကျည်တောက်တို့ကို အလှူခံသွားပါဦးလို့ လျှောက်ထားပြီး ရှိခိုးကန်
တော့ကာ နှုတ်ဆက်စကား လျှောက်ကြားကြပါတယ်။
ဦးရီးရဟန်းတော်လည်း သူဝါကပ်ရာနေရာကနေ မိမိအမြဲသီတင်းသုံးရာ ကျောင်းကို ပြန်လည်
ကြွရောက်လာပါတယ်။ ရွာကပြန်လာတဲ့ တူတော်မောင်နဲ့ ရွာကိုပြန်လာတဲ့ ဦးရီးတို့် လမ်းမှာ
ဆုံခိုက် တူတော်ရဟန်းငယ်က ဦးရီးဆရာကို ဝတ်ကြီးဝတ်ငယ်များပြုစုပြီး သူ့မယ်တော်ကြီး
လှူဒါန်းလိုက်တဲ့ သင်္ကန်းလျာပိတ်စကို ဦးရီးရဟန်းတော်အား ထပ်ဆင့်လှူဒါန်းလိုက်ပါတယ်။
သားတော်ကိုအခေါ်သွားဖို့ ကြွသွားတဲ့သူ့အကိုတော်ရဟန်း ပြန်ကြွအလာကိုစောင့်မျှော်နေတဲ့
ရဟန်းငယ်လေးရဲ့ မိခင်ကြီးလည်း အကိုတော်ပြန်ကြွအလာကို မျှော်လင့်ချက်အပြည့်နဲ့ လက်
ချိုး စောင့်မျှော်လျက်ပေါ့။ သူ့ရင်ထဲမှာတော့ ဝါလည်းကျွတ်ပြီမို့ သူ့တူတော်ကို အပါခေါ်လို့
အကိုတော် ပြန်လာတော့မယ်ပေါ့။ ရဟန်းငယ်လေး ပြန်ကြွသွားလို့ ရက်မကြာမီမှာပဲ ဦးရီး
ရဟန်းလည်း ကောဏ္ဍကရွာကို ပြန်ရောက်ပါတယ်။ သားအပြန်ကိုမျှော်နေတဲ့ မယ်တော်ကြီး
5
လည်း အကိုတော်ရဟန်း ပြန်ကြွလာတာကို အဝေးကနေမြင်ရတဲ့အခါ တစ်ပါးတည်းဖြစ်နေ
တာကို မြင်လိုက်တာနဲ့ပဲ သူ့သားတော် ရဟန်းတော့ အသက်ရှင်လျက် ရှိတော့ဟန်မတူဘူး။
ဒါကြောင့်သာ သူ့အကိုတော် တစ်ပါးတည်း ပြန်လာတာဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ အကိုတော်
ရဟန်းခြေရင်းမှာ မူးမိုက်လို့ လဲသွားပါတယ်။ ဒီတော့မှ အခြေအနေမှန်ကို နားလည်လိုက်တဲ့
အကိုရဟန်းက သူ့တူတော်မောင်ရဲ့ ငြိကပ်တွယ်တာမှုကင်းကင်း၊ တစ်ဝါတွင်း သီတင်းသုံးနေ
ထိုင်သွားခဲ့တဲ့ အနေအထားကို ရှင်းလင်းပြောပြပြီး တူတော်မောင်လှူဒါန်းလိုက်တဲ့ အဝတ်ပိုင်း
စကို သက်သေအဖြစ် နှမတော်ကို ထုတ်ပြခဲ့ပါတယ်။
ဒီတော့မှ သားတော်ရဲ့ သဘောထားကို မိခင်ကြီးလည်း နားလည်သဘောပေါက်သွားပါတယ်။
သူ့သားရဟန်းငယ်ရဲ့ ဗုဒ္ဓသားတော်ပီသမှုကိုလည်း နှစ်ထောင်းအားရ ဖြစ်သွားပါတယ်။ သား
တော်ကြွသွားရာဖက်လှည့်ကာ လက်အုပ်ချီပြီး ဘုရားရှင်က အလိုနည်းခြင်းနဲ့စပ်တဲ့ အရာ။
ကြောင့်ကျမှုကင်းခြင်းနဲ့စပ်တ့အရာ၊ တွယ်တာမှုနည်းခြင်းနဲ့စပ်တ့အရာများမှာ စံယူဖွယ်ရဟန်း
တော်တွေကို သက်သေအရာထားကာ တရားတော်တွေကို ဟောပြောလေ့ရှိခ့ရာမှာ ငါ့ရ့သား
တော်ရဟန်းလို ပုဂ္ဂိုလ်တွေကို စံပြုပြီး ဟောခဲ့တာမျိုးဖြစ်မှာ။ တကယ်လို့သာ ဗုဒ္ဓသာသက်
တော်ထင်ရှား ရှိဦးမယ်ဆိုလျင်ဖြင့် ငါ့ရဲ့ သားတော်ရဟန်းဟာလည်း ဗုဒ္ဓကိုယ်တိုင် စံပြုကာ
ဟောပြောတာကိုခံရတဲ့ ရဟန်းတစ်ပါး ဖြစ်မှာလို့  ဝမ်းမြောက်စွာ ဥဒါန်းကျူးရင့်ခ့ပါတယ်။
တစ်ဝါတွင်းလုံး မိဘအိမ်ကိုကြွရောက်ကာ လှူဒါန်းတဲ့ဆွမ်းကို လက်ခံဘုန်းပေးခဲ့တာတောင်မှ
သူဟာ သားရဟန်းပါလို့ အသိပေးမသွားတာကို အပြစ်တင်ကာ ဝမ်းနည်းရမယ့်အစား သား
တော်ရဲ့ ငြိတွယ်မှု ကင်းတဲ့စိတ်ထားကို နှစ်ထောင်းအားရဖြစ်ခ့တဲ့ အညတြရဟန်းငယ်လေးရဲ့
မိခင်ကြီးရဲ့ ရင့်ကျက်တဲ့ စိတ်ထားကလည်း ချီးကျူးစရာပါ။ သားကလည်း သားကိစ္စ သားပြု။
အမေကလည်း အမေ့တာဝန် အမေကျေပွန်။ အပြန်ပြန်အလှန်လှန် နားလည်မှုပေးကာ နေ
ထိုင်သွားခဲ့ကြတဲ့ ဗုဒ္ဓတပည့် သူတော်မွန်တို့ရဲ့ စိတ်ထားမျိုးကို အတုယူမှတ်သားကာ လိုက်နာ
ကျင့်ပွားဖို့ ကောင်းလှပါတယ်။
ကိုယ့်မိခင်အရင်းအပါအဝင် အားလုံးသော ဒကာမကြီးတွေကိုလည်း သားရဟန်းငယ်အပေါ်မှာ
စာနာနားလည်နိုင်တဲ့ အညတြရဟန်းငယ်လေးရဲ့ မယ်တော်ကြီးလို မိခင်မျိုးဖြစ်စေချင်ပါတယ်။
ပါရမီတွေ မရင့်ကျက်သေးလို့ အရင့်အမကြီးတွေ မဟုတ်သေးတာကြောင့် တွယ်တာမှု အား
လုံးကို မပယ်ဖျောက်နိုင်သည့်တိုင် အပိုအတွယ်အတာတွေကို မလိုပဲ ဝယ်ယူကာ ပူပန်နေရ
သူမျိုးတွေ မဖြစ်စေချင်ပါဘူး။ တကယ်တော့ အချို့အပူတွေက ကိုယ်ကယူချင်လွန်းလို့သာ ရ
နေတတ်တာမျိုးပါ။ ကိုယ်တတ်နိုင်တာရဲ့ ဟိုမှာဖက်မှာရှိနေတဲ့ အပူမျိုးကို သောက ကဲမိုးတဲ့
ကရုဏာတရားတွေနဲ့ ရင်နာစွာ အကြင်နာပွားနေမယ့်အစား ခွင့်လွှတ်တတ်မှု ဥပေက္ခာတရား
နဲ့ စာနာကာ နားလည်ပေးလိုက်စေချင်ပါတယ်။
6
တကယ်တော့ တနယ်ဝေးကို ရောက်နေပေမယ့် အမေ့ချစ်သားသမီးတွေ ရောက်ရာအရပ်မှာ
စွမ်းနိုင်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေလျင်ဖြင့် ကြည်နူးမှုကို အခြေခံတဲ့ မိခင်များရဲ့
အကြင်နာနှလုံးသားနဲ့ အမေတို့ကျေနပ်နေနိုင်ပါစေလို့ ပြောချင်ပါတယ်။ သားကို မမြင်မတွေ့
ရလို့ မျက်ရည်တစ်စက် အမေ့ပါးမှာဝဲဝေ့ကာ စွဲထင်ရလျင်တောင် သောကကြောင့် ကြွေရတဲ့
မျက်ရည်မဖြစ်ပဲ ပီတိကြောင့် ဝေရတဲ့ ကြည်နူးခြင်းမျက်ရည်စက်တွေသာ ဖြစ်ပါစေလို့ အဝေး
ရောက် သားသမီးများကိုယ်စား အမှတ်တရ ဆုတောင်းပေးလိုက်ပါတယ်။ မယှဉ်သာ အကြင်
နာများတဲ့ မိခင်များနှလုံးသားမှာ ရင်နာစရာ ဘာဒဏ်ရာလေးမျှ မထင်လာစေချင်ပါဘူး။ အစဉ်
ထာဝရ အမေအားလုံး ရွှင်ပြုံးလို့သာ ပျော်ရွှင်စေချင်တာပါ။ ။
သီးသစ်စ မှကြိုဆိုပါ၏
2009-10-01
Subscribe to:
Post Comments (Atom)



No comments:
Post a Comment