သီးသစ်စ မှကြိုဆိုပါ၏

2013-07-13

အိုဘားမားကို အံ့သြသွားစေတဲ့ အစ္စရေးနည်းပညာများ


ဒီနှစ် မတ်လအတွင်းက အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အစ္စရေးနိုင်ငံကို တက်သုတ်ရိုက်သွားခဲ့ပြီး အစ္စရေး နည်းပညာတွေကို သွားရောက်လ့လာခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နက်တန်ရာဟူးက အိုဘားမားကို ကြိုဆိုပြီး အစ္စရေးနိုင်ငံရဲ့ အနာဂတ်နည်းပညာတွေကို လိုက်လံပြသခဲ့တယ်။ နည်းပညာဖြင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေရန်ဆိုပြီးပြသတဲ့ အစ္စရေးနည်းပညာပြပွဲကို အမေရိကန် သမ္မတက တက်ရောက်အားပေးခဲ့တာဖြစ်ပါတယ်။
ဂျေရုဆလင်မြို့မှာ အိုဘားမား မိန့်ခွန်းပြောစဉ်က “အနာဂတ်ကမ္ဘာ့စီးပွားရေးကို ရှုမြင်ချင်ရင် တဲလ် အဗစ်ကိုကြည့်စေချင် တယ်။ အဲဒီမှာ အိမ်တွင်းကနေ သုတေသနာဌာနတွေအထိ လက်တွေ့တီထွင်စမ်းသပ်ရှာဖွေမှုတွေလုပ္နေတယ်” လို့ ထည့်သွင်း ပြောကြားသွားတယ်။
အစ္စရေးပြတိုက်ကြီးမှာ အနာဂတ်နည်းပညာတွေနဲ့ပတ်သက်ပြီး အစ္စရေးတို့တီထွင်ထားသမျှကို အိုဘားမားက လေ့လာခဲ့ပါ တယ်။ ကမ္ဘာမှာ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစ္စရေးနိုင်ငံဟာ အဓိကထားပြီးလုပ်နေတဲ့ ထိပ်တန်းနိုင်ငံဖြစ်တယ်လို့ လည်း သမ္မတက လက်ခံသွားခဲ့ပါတယ်။
အိုဘားမားကို ပြသမယ့် နည်းပညာတွေကို ဝန်ကြီးချုပ်ရုံး၊ အမျိုးသားစီးပွားရေးကောင်စီဥက္ကဌ ပါမောက္ခ ယူဂျင်းကန်းဒဲလ်က ရွေးချယ်ပြသခဲ့တာဖြစ်ပါတယ်။ အစ္စရေးတွေက သူတို့တက္ကသိုလ်တွေကို လူသားအကျိုးပြုရမယ်၊ တီထွင်မှုအဆင့်အတန်းမြင့် ရမယ်ဆိုတဲ့ စံတွေနဲ့ တီထွင်မှုတွေပြုလုပ်ခိုင်းခဲ့ပါတယ်။ ရလဒ်တွေကိုတော့ သမ္မတသာမက ဝန်ကြီးချုပ်ပါ အံ့အားသင့်သွား စေခဲ့ပါတယ်။
သမ္မတအိုဘားမားကို အစ္စရေးတွေပြသသွားခဲ့တဲ့ နည်းပညာက ခြောက်မျိုးဖြစ်ပါတယ်။ စွမ်းအင်ပိုင်းမှာ Phinergy ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုပြီး Mobileye ၊ ဆေးပညာနဲ့ပတ်သက်ပြီးတော့ ElMindA ၊ ကုသရေးနဲ့ပတ်သက်ပြီး Rewalk ၊ နည်းပညာနဲ့ပတ်သက်ပြီး MiniDesktop ၊ ကယ်ဆယ်ရေး၊ ရှာဖွေရေးနဲ့ ပတ်သက်ပြီး Robot Snake ဆိုတဲ့ နည်းပညာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာတွေဖြစ်ပါတယ်။
Phinergy

လျှပ်စစ်ကားတွေမှာ အသုံးပြုမယ့် အလျူမီနီယံ-လေ ဘက်ထရီလို့ဆိုထားပါတယ်။ လက်ရှိ လျှပ်စစ်ကားတွေမှာ အသုံးပြုတဲ့ ဘက်ထရီတွေထက် စွမ်းအင်သုံးဆပိုသုံးနိုင်မှာဖြစ်တယ်။ ဒီနည်းပညာဟာ ကမ္ဘာ့ရေနံသုံးစွဲမှုကို သက်သာစေမှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ သတ္တုနဲ့လေကို အသုံးချပြီး စွမ်းအင်ထုတ်လုပ်တဲ့စနစ်လို့လည်းသိရတယ်။ အလျူ မီနီယံလေ၊ ဇင့်လေ (aluminum air, zinc air) နည်းပညာလို့လည်း ခေါ်တယ်။ အစဉ်အလာ သုံးနေတဲ့ ကက်သုတ် အစား အလျုမီနီယံနဲ့ ဇင့်ကိုသုံးထားတာဖြစ်တယ်။ သူတို့တီထွင်ထားတဲ့ သတ္တု-လေဘက်ထရီဆိုတာက ပတ်ဝန်းကျင်လေထဲ ကနေ လိုအပ်တဲ့ အောက်ဆီဂျင်ကိုယူပြီးတော့ လေ-အီလက်ထရုတ်စွမ်းအင်ကို ထုတ်ယူတဲ့စနစ်ဖြစ်ပါတယ်။ ဘက်ထရီထဲမှာ အောက်ဆီဂျင်ကို မဖွဲ့စည်းတော့ဘဲ ပြင်ပလေထဲကနေ အောက်ဆီဂျင်ကိုယူပြီးတော့ စွမ်းအင်ထုတ်တဲ့အတွက် ဘက်ထရီကို အကြီးကြီးတွေ ထုတ်စရာ မလိုတော့ဘူး။ ရလဒ်ကတော့ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်မှု လုံးဝမရှိတော့ဘူး။ စွန့်ပစ်ပစ္စည်း ပြန်သုံးနိုင်ပြီး လုံခြုံမှုလည်းရှိသလို ဈေးလည်းအလွန်သက်သာသွားတယ်။
 Mobileye

ADAS (Advanced Driver Assistance Systems) ဆိုပြီးတော့ ကမ္ဘာကစိတ်ဝင်စားနေကြတဲ့ ယာဉ်အန္တရာယ် လုံခြုံရေး ကိရိယာဖြစ်ပါတယ်။ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသည်များ အန္တရာယ် ကင်းရှင်းရေးအတွက် Mobileye နည်းပညာက အထောက်အကူပြုနိုင်ပါတယ်။ ဒီကိရိယာလေးကို မော်တော်ယာဉ်တွေ ထဲမှာ တပ်ဆင်ထားရမှာဖြစ်ပြီးတော့ အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားတိုင်းကို သတိပေးပါတယ်။ ဥပမာ ကားချင်းကပ်နေရင် အန္တရာယ်ရှိတယ်၊ လူရှိတယ်လို့ သတိတွေပေးတဲ့အပြင် လိုအပ်ရင် ဘရိတ်ကိုပါဆွဲပေးလိုက်မှာ ဖြစ်တယ်။ Mobileye ကို BMW, Volvo, GM, Ford ကားတွေမှာ စတင်တပ်ဆင်အအသုံးပြုနေပါပြီ။ စုစုပေါင်း ယာဉ် တစ်သန်း လောက်မှာ သုံးနေပါပြီ။ ၂၀၁၄ ခုနှစ်ကစပြီးတော့ ယာဉ်တိုင်းမှာ standard တစ်ခုအနေနဲ့ စတင်အအသုံးပြုမယ်လို့ဆိုပါ တယ်။
ElMindA

BNA (Brain Network Activation) နည်းပညာ ပလက်ဖောင်းဆိုတာက ဦးနှောက်နဲ့ပတ်သက်ပြီးတုံ့ပြန်နိုင်စွမ်း၊ လက်ခံနိုင်စွမ်း၊ စောင့်ကြည့်နိုင်စွမ်းတွေကို လေ့လာတဲ့နည်းပညာဖြစ်ပါတယ်။ BNA ကို သုတေသနလုပ်ငန်းတိုင်းလိုလိုမှာ ထည့်သွင်းအသုံးပြုနေကြတာလည်းတွေ့ရတယ်။ အားကစားလောကမှာ ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ကစားနည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်တားဆီးမယ်ဆိုတာတွေ၊ ထိခိုက်နာကျင်မှုတွေကို ကုသတဲ့အပိုင်း၊ အယ်လ် ဇိုင်းမားရောဂါနဲ့ ပတ်သက်ပြီး ကုသမှုဆိုင်ရာအပိုင်းတွေမှာလည်း BNA ကို ထည့်သွင်းလေ့လာရပါတယ်။ ဦးနှောက်ကို အာရုံခံပြီးစောင့်ကြည့် လေ့လာနိုင်တဲ့ နည်းပညာဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ်။
ReWalk

ခြေထောက် မသန်စွမ်းသူတွေ၊ အောက်ပိုင်းသေနေသူတွေအတွက် ပုံမှန်အနေအထားအတိုင်း လမ်းပြန်လျှောက်နိုင်စေမယ့် စနစ်ဖြစ်ပါတယ်။ ဒီစက်ကို အပြည့်အစုံ ReWalkexoskeleton ဝတ်စုံလို့ခေါ်ပါတယ်။ ဒူးခေါင်းနဲ့ တင်ပါးတွေလှုပ်ရှားမှု ကို အထောက်အကူဖြစ်နိုင်စေဖို့ စက်စွမ်းအင်ကို အဲဒီနေရာတွေမှာထည့်ပေးထားပါတယ်။ တစ်နည်းအားဖြင့် မော်တာစွမ်းအင် ခြေထောက်လို့ပြောရပါလိမ့်မယ်။ သူ့မှာထည့်ထားတဲ့ ဘက်ထရီပါဝါက တစ်နေကုန်သုံးနိုင်ပါတယ်။ ကွန်ပျူတာနဲ့ လှုပ်ရှားမှု ထိန်းချုပ်နိုင်အောင် ဆင်ဆာစနစ်ကို စက်ထဲမှာပဲထည့်ပေးထားတယ်။ ဒါကြောင့် မတ်တပ်ရပ်မယ်ဆိုရင် အလိုအလျောက် တုံ့ပြန်ပြီး စက်အားအကူကို ရရှိနိုင်မှာဖြစ်ပါတယ်။ လမ်းလျှောက်တဲ့နှုန်းကိုလည်း မြေပြင်အနေအထားအလိုက် ထိန်းချုပ် နိုင်ပါတယ်။ ကိုယ်ခန္ဓာအထက်ပိုင်းက လှုပ်ရှားမယ်ဆိုတာနဲ့ ခြေထောက်မှာတပ်ထားတဲ့စက်ကို နိုးထစေနိုင်အောင် စီစဉ် ထားတယ်။ ဒီစက်နဲ့ အထိုင်၊ အထတွေအပြင် လှေကားအတက်ကိုပါပြုလုပ်နိုင်တဲ့အတွက် အောက်ပိုင်းသေဝေဒနာ ခံစားနေရ သူတွေ အားကိုးအားထားပြုနိုင်မယ့် နည်းပညာလို့ဆိုနိုင်ပါတယ်။
MiniDesktop

အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယန်တက္ကသိုလ်က ယူရီ အူဆာမီ။ အေရီ ရိုဆန်နဲ့ အိုဖာ တမ်ဆိုတဲ့ လူငယ်သုံးဦးက တီထွင်လိုက်တဲ့ အတွေးစိတ်ကူးနဲ့ ကွန်ပျူတာကို ထိန်းချုပ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ကွန်ပျူတာကို ထိန်းချုပ်နိုင်ဖို့ နားကြပ်ကလေး တစ်ခု တပ်ဆင်ထားရမယ်။ အဲဒီနားကြပ်က ဦးနှောက်လှိုင်းတွေကို ဖမ်းယူပြီးတော့ ကွန်ပျူတာဆီကို ပို့ပေးပြီး လုပ်ဆောင် ခိုင်းမှာဖြစ်တယ်။ ကွန်ပျူတာက လူ့ဦးနှောက်နဲ့ခိုင်းစေရုံသာမက မျက်နှာအမူအယာကိုပါဖမ်းပြီး တုံ့ပြန်ပေးနိုင်ပါတယ်။ တစ်နည်းပြောရရင် ကွန်ပျူတာကို ကီးဘုတ်တွေ၊ မောက်စ်တွေမကိုင်ဘဲ အသုံးပြုနိုင်တဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဦးနှောက်က စီစဉ်လိုက်တဲ့ စာတွေကို စက္ကန့်ပိုင်းအတွင်း ကွန်ပျူတာပေါ်မှာ သွားပြီး ရိုက်ခိုင်းပါလိမ့်မယ်။ ဒါကြောင့် ကိုယ်လက်သေနေတဲ့ သူတွေ အပြန်အလှန်ဆက်သွယ်ဖို့ များစွာ အထောက်အကူရသွားစေပါတယ်။ စိတ်နဲ့ ခိုင်းစေတဲ့ စာလုံး ၁၂ လုံးကို ၇ မိနစ်အတွင်း ရိုက်ကူးနိုင်ပါတယ်။ ဦးနှောက်ကတွေးပြီး စေခိုင်းသမျှကို ကွန်ပျူတာ ပရိုဂရမ်ကဖမ်းပြီး လုပ်ဆောင်ပေး နိုင်တယ်ဆိုတာကတော့ အနာဂတ်အတွက် တကယ့်ကို အားထားရမယ့် နည်းပညာဖြစ်လို့ သမ္မတလည်း စိတ်ဝင်စားခဲ့ပါတယ်။
Robot Snake

အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ လူတွေဝင်ထွက်ရတာ ခက်ခဲနိုင်ပါတယ်။ စက်ရုပ်မြွေက လူတွေ မဝင်နိုင်တဲ့နေရာတွေကိုဝင်ပြီး အတွင်းထဲက အခြေအနေတွေကို ထောက်လှမ်းပေးနိုင်ပါတယ်။ စက်ရုပ်အပိုင်းအစတွေကို တစ်စချင်းဆက်ထားတဲ့အပြင် တစ်ပိုင်းချင်းကိုလည်း ဖြုတ်သုံးနိုင်ပါတယ်။ တကယ့်မြွေတစ်ကောင်အတိုင်း လျှောဝင် တိုးထွက် မှုတွေလုပ်နိုင်ပြီး ထိပ်ပိုင်းက ကင်မရာကနေ မြင်ကွင်းတွေကို မြင်ရပါလိမ့်မယ်။ တိုက်အမြင့်တွေ၊ မတ်စောက်တဲ့ ဆင်ခြေလျှောတွေကိုပါ တွယ်တက်ဆင်းမှုတွေ လုပ်နိုင်တယ်။ သတ္တုမိုင်းတွင်းကယ်ဆယ်ရေး၊ အန္တရာယ်ရှိတဲ့ အဏုမြူစက်ရုံ ထောက်လှမ်းရေး၊ ဓာတုစက်ရုံပေါက်ကွဲမှုတွေအတွက်လည်း အသုံးပြုနိုင်တယ်။

2009-10-01

အမေ့ဉာဏ်နား ဝင် စံစားစေ (၁)

အမေ့ဉာဏ်နား ဝင် စံစားစေ (၁)
အရှင် ဉာဏိက
ထာဝရ မြစ်
-----------------
သားပြုံးလျင် အမေပျော်
သားပျော်တော့ အမေလန်း
မေ့မေတ္တာ သီတာစမ်း
ဘယ်ဘယ်ခါ မခန်း
(ဉာဏ်ဦးမောင်)
မနေ့က ရွာက (ဒကာမကြီး) အမေ့ဆီကို ဖုန်းဆက်ဖြစ်တယ်။ အမေက နားကောင်းကောင်း
မကြားဘူးလေ။ ဒီတော့ အမေပြောချင်တာကိုပဲပြော၊ ဒီဖက်က အကုန်ကြားတယ်၊ နားထောင်
နေတယ်ဆိုပြီး ပြောခိုင်းတော့ အမေက ‘အမေကတော့ ဦးဇင်းတစ်ခေါက်လောက် ရွာပြန်လာ
စေချင်တယ်’ရယ်လို့ ပြောပါတယ်။ အမေ့စကားထဲမှာ အရင်ကလို ‘ရွာပြန်လာဦး’ လို့  မပြော
ခဲ့တာကို သတိထားမိလိုက်တယ်။ အရင်က ဖုန်းဆက်ဖြစ်လျင် ရွာပြန်လာဦးလို့  ပြောနေကျ။
တော်တော်နဲ့  ရွာမပြန်လာဦးမှန်း သိလို့ လေလား၊ သူ့ ဖက်ကပဲ သဘောထားပြောင်းသွားလို့ 
လေလားတော့ မသိဘူး။ ခုတစ်ခါတော့ ရွာပြန်လာဦးဆိုတ့အစား ဦးဇင်းတစ်ခေါက်လောက်
တော့ ပြန်လာစေချင်တယ်လို့ပဲ ပြောခဲ့တယ်။ ကြားနေကျ ပြန်လာဦးလို့ ပြောတဲ့စကားထက်
အမေကတော့ တစ်ခေါက်လောက်တော့ ပြန်လာစေချင်ပါတယ်ဆိုတဲ့စကားက နားထဲမှာ မှတ်
မှတ်သားပိုဖြစ်မိတယ်။


တကယ်တော့ မိခင်တွေဆိုတာ သားသမီးတွေကိုယ့် အနီးအနားမှာပဲ နေစေလိုမှာပါ။ သို့ပေ
မယ့် ကာလဒေသ အချိန်အခါနဲ့  အခြေအနေအရ အနီးမှာနေတာထက် အဝေးမှာနေတာက
သားသမီးတွေအတွက် ပိုမိုအဆင်ပြေတယ်ဆိုလျင်ဖြင့် အနီးကိုလာနေစေလိုတဲ့ သူတို့ရ့ဆန္ဒ
ကို ဦးစားပေးလိုတော့မယ် မဟုတ်ပါဘူး။ ဒီအခါမျိုးမှာ ကိုယ့်အမေလိုပဲ အခြားအခြား အမေ
တွေလည်း ‘ပြန်လာဦး’ ဆိုတဲ့ စကား အစား အမေကတော့ တစ်ခေါက်လောက်တော့ လာစေ
ချင်တာပါပဲလို့ ပြောလေမလားပါပဲ။ သားသမီးတွေ တနယ်ဝေးမှာ အခြေချနေတဲ့အခါမျိုးမှာ
သားသမီးတွေအပြန်ကို မျှော်နေပေမယ့်၊ ပြန်လာစေချင်ပေမယ့် ကိုယ့်အမေလိုပဲ ပြန်လာပါဦး
လို့တောင် မပြောရက်မယ့် အမေတွေကို စိတ်ထဲမြင်ယောင်မိတယ်။
2
ကိုယ်က ရွက်ကျပင်လိုသူလေ။ ရောက်ရာအရပ်မှာ ပျော်တတ်သူ။ ဒီတော့ ကိုယ့်မိခင်ဖခင်
တွေကိုလည်း တစ်ခါတရံမှသာ သတိရတတ်သူ။ တစ်ခုတော့ တော်သေးရဲ့လို့ဆိုနိုင်တာက
သတိရတဲ့အခါတိုင်းမှာ တစ်ခုခုပံ့ပိုးပေးဖို့ပါ ပူးတွဲသတိရမိတတ်လို့ပါ။ နောက်ပြီး တတ်နိုင်သ
မျှလည်း ပံ့ပိုးပေးခဲ့ပါတယ်။ ဒီအတွက်တော့ ကျေနပ်စိတ်လေး ဖြစ်မိပါတယ်။ဒါပေမယ့် အလျင်
ကနဲ့မတူ အမေကတော့ တစ်ခေါက်လောက်တော့ ပြန်လာစေချင်တာပဲဆိုတ့စကားက အမေ
တွေလိုချင်တ့အရာဟာ ဒီလို ပံ့ပိုးပေးမှုမျိုးသာ ဟုတ်လိမ့်မယ် မဟုတ်ဖူးလို့လည်း စာနာစွာ
နားလည်မိလိုက်ပါတယ်။
ဒါကြောင့်
အမေ့ကို
သီးသန့်ရည်ရွယ်ကာ
စာလေးတစ်ပုဒ်ရေးဖို့ပါ
စိတ်ကူးဖြစ်မိပါတယ်။
တကယ်တော့ ဒီစိတ်ကူးက မိခင်အရင်းတစ်ယောက်ထဲကိုသာ အခြေခံကာ ရုတ်တရက် ပေါ်ခဲ့
တာတော့လည်း မဟုတ်ပါဘူး။ ကိုယ့်မိခင်အရွယ် တကာမကြီးများရဲ့ မိခင်နဲ့တူတဲ့ စောင့်
ရှောက်မှုမျိုးကို ဟိုအရင် ငယ်ငယ်ကထက် ခုနောက်ပိုင်းမှာ ပိုမိုထိတွေ့ ခံစားလာရတယ်လို့ ယုံ
ကြည်နေမိတာ၊ အတန်ကြာပြီ။ ဒါကြောင့် ကိုယ့်အပေါ် ဂရုပြုမှုရှိတဲ့ ကရုဏာရှင် မိခင်တွေကို
တခုခုတော့ ကျေးဇူးစကား အမှတ်တရ ပြန်ပြောဦးမှလို့ စိတ်ကူးဖြစ်မိတာ ကြာနေခဲ့တာ
လည်း အကြောင်းတစ်ချက်အဖြစ် ပါဝင်ပါတယ်။
အခြားအကြောင်းအရာများနဲ့ပတ်သက်ပြီး ကိုယ်တတ်နိုင်တာလေး ပြောပြ၊ ရေးပြခဲ့ပေမယ့်
မိခင်တွေအတွက် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြီး ရေးခဲ့တ့စာမျိုးတော့ မရှိခ့သေးဖူးလေ။ ခု
တော့ အဲဒီမရှိဘူးသေးတဲ့ အရာကိုပဲ အမေ့ရဲ့စကားက ထပ်ဆင့်အားပေးလိုက်သလိုဖြစ်လို့မို့
အထူးအားထုတ်မှု တစ်ခုအနေနဲ့ ရေးလိုက်ပါပြီ။
တကယ်တော့ ကိုယ့်အပေါ်ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးတရားကို စာလေးတစ်ပုဒ်တလေမျှ ရေး
ပြရုံနဲ့ ကျေနိုင်မယ် မဟုတ်ဘူးဆိုတာကိုတော့လည်း သိပါတယ်။ သို့ပေမယ့် ခုဒီစာက ကိုယ့်ကို
ကိုးလလွယ် ဆယ်လဖွား၊ဆင်းရဲဒုက္ခ အမျိုးမျိုးကြားကပဲ အားခဲမွေးမြူစောင့်ရှောက်ခ့တဲ့ ကိုယ့်
မိခင်ကြီးကိုရော၊ မိခင်လိုပဲ စောင့်ရှောက်ကြတဲ့ မိခင်အလား ကျေးဇူးများသူတွေအတွက်ရော
အကျိုးများပါစေဆိုတဲ့ စေတနာရည်ရွယ်ဦးလေးနဲ့ အထူးပြုကာ ရေးတာမို့ မိခင်တွေအတွက်
တစုံတရာ အကျိုးကျေးဇူးရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ရှိနိုင်ပါစေလို့လည်း ဆုတောင်းပေး
ပါတယ်။
ဗုဒ္ဓအဆုံးအမ မွန်မြတ်တဲ့ တရားအလှ ဓမ္မရသတွေကို အခြခံကာ ရေးသားမယ့် ဒီစာစုလေး
တွေဟာ သားနဲ့ဝေးနေတဲ့ အမေ့ဉာဏ်နား၊ သားသမီးတွေနဲ့ နီးသော်လည်း ဝေးနေတယ်လို့
ခံစားနေမယ့် အမေတို့ ဉာဏ်နား၊ နောက်ပြီး ကိုယ့်အမေလိုပဲ သားသမီးတွေနဲ့ ဝေးနေရတဲ့
3
အမေတို့ ဥာဏ်နားမှာ ညင်သာပျော့ပျောင်းစွာ ဝင်စံစားနိုင်ပါစေလို့လည်း မေတ္တာဆန္ဒ ပြု
လိုက်ပါတယ်။
လူသားတွေဆိုတာက တစ်ဦးနဲ့တစ်ဦး ဘဝအကျိုးပေး မတူနိုင်ဖူးလေ။ နောက်ပြီး ဝါသနာ
လည်း မတူနိုင်ပါဘူး။ ရည်ရွယ်ချက်ခြင်းကလည်း တခြားစီ။ ဒီတော့ ကိုယ့်ဘဝကို ပုံဖော်ကြပုံ
ခြင်းလည်း မတူကြပါဘူး။ တချို့က ကိုယ့်မွေးမြေဇာတိမှာ။ တချို့ ကတော့ တစ်နယ်ဝေးမှာ
အခြေချကာ ကိုယ့်ဘဝကို ပုံဖော်တည်ဆောက်ကြတယ်။ ဇာတိမြေကို မချစ်လို့ စွန့်ခွါသွားသူ
တွေ ရှိနိုင်သလို ချစ်လျက်နဲ့ ခွဲခွါကြရသူတွေလည်း ရှိမှာပါပဲ။ မချစ်လို့ပဲ ခွဲခွဲ၊ ချစ်လျက်န့ပဲ ခွဲခွဲ။
သာမန်ဆိုလျင်တော့ ကွဲကွာမှုဆိုတာက ကောင်းတဲ့အရာမျိုးမှ မဟုတ်တာ။ သို့ပေမယ့် ခွဲခွာမှု
ရဲ့နောက်မှာ လေးနက်တဲ့ အခြားအဓိပ္ပါယ်မျိုးလည်း ရှိနိုင်ပြန်တယ်လေ။ ပြောခဲ့သလို မတူတဲ့
ဘဝတွေရ့နောက်မှာ အခြားသော မတူညီမှုတွေကလည်း ပူးတွဲကာ ပါလာတတ်တာမျိုး။ ရည်
ရွယ်ချက်တွေ ဘယ်လိုပင်ကွဲကွဲ။ အနေတွေ ဘယ်လိုပင်ဝေးဝေး။ သားသမီးတွေဟာ သား
သမီးတွေ၊ အမေတွေဟာလည်း အမေတွေပါပဲဆိုတဲ့ အတွေးလေးရမိလို့ အမှတ်တရ ပြော
လိုက်တဲ့ ဒီစာလေး။ ဒီစာလေးနဲ့စပ်ပြီး ဝိသုဒ္ဓိမဂ်ကျမ်းမှာလာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကများ
အမေ့အတွက် ဖြေဆည်ရာ ဆေးတစ်ခွက် ဖြစ်နိုင်လေမလား။ အမေဖတ်ကြည့်ဦးပေါ့နော်။
သီဟိုဠ်သာသနာထွန်းကားစဉ်က ကောဏ္ဍကကျောင်းမှာသီတင်းသုံးနေထိုင်တဲ့ အညတြ ရ
ဟန်းငယ်လေးတစ်ပါး ရှိခ့ဘူးတယ်တဲ့ အမေ။ သူသီတင်းသုံးနေတဲ့ ကောဏ္ဍကကျောင်းရဲ့
ကျောင်းထိုင် ဆရာတော်က သူ့မိခင်ရဲ့ အကိုတော်သူပါ။ အညတြရဟန်းငယ်ရဲ့ ဦးရီးတော်ပေါ့။
ရဟန်းငယ်လေး မိဘများကလည်း ကောဏ္ဍကကျောင်းရဲ့ အဓိက ဒကာများပါပဲ။ တနေ့တော့
ရဟန်းငယ်လေးက ပါဠိစာပေသင်ယူဖို့ မွေးရပ်ရွာနဲ့ အလှန်းဝေးတဲ့ ရောဟဏရွာကြီးဆီကို
ကြွသွားခဲ့တယ်။ နှစ်အတော်ကြာသည့်တိုင် နေရပ်ကို ပြန်မလာတဲ့အတွက် မိခင်ကြီးက အကို
တော်ဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကို သူ့သားရဟန်းကို ပြန်ခေါ်ပေးဖို့ အတန်တန် ပူဆာ
တာနဲ့ မနေသာတော့ပဲ တူတော်မောင် ရဟန်းငယ်ကိုပြန်ခေါ်ဖို့  ထွက်ခွါသွားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အညတြရဟန်းငယ်လေးကလည်း စာပေသင်ယူတာ အတန်ခရီး
ရောက်။နောက်ပြီး မိဘများ၊ ဦးရီးတော်ဆရာသမားများနဲ့ မတွေ့တာလည်း အတော်ကြာလာ
တာကြောင့် မွေးရပ်ရွာကိုပြန်ဖို့ နေထိုင်ရာ ရောဟဏရွာကြီးကနေ ထွက်လာခဲ့ပါတယ်။ တူ
တော်မောင်ရဟန်းငယ်လေးနဲ့ ဦးရီးဆရာတော်တို့ လမ်းခုလတ်တစ်နေရာမှာ ဆုံမိကြပါတယ်။
ဒီတော့ ဦးရီးတော်က သူ့နှမဖြစ်တဲ့ ရဟန်းတော်လေးရဲ့မိခင် မှာလိုက်တ့စကားကို တူတော်
ရဟန်းကို ပြောပြပြီး မိခင်ရှိရာရွာ ဆက်လက်ကြွသွားဖို့ မိန့်ကြားပါတယ်။ သူကတော့ ဒီဂင်္ဂါ
မြစ်ကမ်းမှာပဲ တစ်ဝါဆိုတော့မယ်ရယ်လို့ မိန်ကြားကာ ဝါကပ်သီတင်းသုံးတော်မူပါတယ်။
4
ရဟန်းငယ်လေးလည်း သူ့ရည်ရွယ်ချက်အတိုင်း မွေးရပ်ရွာကို ဆက်လက်ကြွခ့ပါတယ်။ သူရွာ
ကိုရောက်တဲ့
နောက်မနက်ခင်းမှာပဲ
သူ့ရဲ့ခမည်းတော်ဖခင်ကြီး
ကျောင်းကိုရောက်လာပါ
တယ်။ ရောက်တယ်ဆိုလျင်ပဲ ကျောင်းဒကာပီပီ ပြုနေမြဲ ဝတ်တရားအတိုင်း ဧည့်သည်ရဟန်း
ငယ်ကို သူ့အိမ်ကိုကြွရောက်ပြီး ဝါတွင်းသုံးလပတ်လုံး ဆွမ်းစားကြွဖို့ ပင့်လျှောက်ပါတယ်။
ကျောင်းကိုရောက်လာတဲ့ ဧည့်သည်ရဟန်းတိုင်းကို ပင့်ဖိတ်လေ့ရှိတ့အတိုင်း ပင့်ဖိတ်တာပါ။
သူ့သားရဟန်းရယ်လို့တော့ မမှတ်မိပါဘူး။ ရဟန်းငယ်ကလည်း သူဟာ ကျောင်းဒကာကြီးရဲ့
သားရဟန်းဖြစ်ကြောင်း မမိန့်ခဲ့ပါဘူး။
မိဘနဲ့ဆရာသမားတွေကိုငဲ့လို့ မွေးရပ်မြေကို တစ်ခေါက်အရောက် ကြွလာပေမယ့် ရဟန်းငယ်
လေးရဲ့ သန္တာန်မှာ မိဘရယ်လို့ ထူးကာ တွယ်တာမှု ရှိမနေခဲ့ပါဘူး။ သူ့မိဘတွေကိုလည်း
သူဟာသူတို့ရဲ့ သားပါလို့ အသိပေးခြင်းဖြင့် သားအပေါ်မှာ တွယ်တာမှု ပိုစေချင်ဟန် မတူပါ
ဘူး။ ငြိတွယ်မှုရဲ့ဆင်းရဲဒဏ်ကို နားလည်သူတစ်ဦးအတွက် ဘယ်သူ့ကိုမှ ဒီဒဏ်မျိုး သင့်စေ
ချင်မယ် မဟုတ်ပေဘူးပေါ့။ ဒီအထဲမှာ ကိုယ့်အပေါ် ကျေးဇူးကြီးမားတဲ့ မိခင်တွေ ထိပ်ဆုံးက
ပါဝင်နေမှာကလည်း အဆုံးစွန်တွယ်တာမှု မကင်းနိုင်သေးသူများအတွက် ဘက်လိုက်တယ်
မဆိုသာတဲ့ အမှန်တရားတစ်ခုပဲဖြစ်မှာပါ။
မိခင်ကြီးလည်း တစ်ဝါတွင်းလုံး သားတော်ရဟန်းငယ်ကို ဆွမ်းဝတ်မပြတ် လုပ်ကျွေးခဲ့ပေမယ့်
သူဆွမ်းဝတ်ပြုနေတဲ့ ရဟန်းဟာ သူတို့သားတော် အရင်းရယ်လို့ အမှတ်မပြုမိခဲ့ပါဘူး။ ဝါကျွတ်
တဲ့အခါမှာတော့
ရဟန်းငယ်လေးက
ဆွမ်းဒကာများကို
သူပြန်ကြွတောာ့မယ်ဆိုတဲ့

ကြောင်း မိန့်ကြားပါတယ်။ မပြန်မီမှာ ဆွမ်းဒကာမိဘများက ရဟန်းငယ်လေးကို သင်္ကန်းလျာ
အဝတ်စ။ တင်းလဲနဲ့ ဆီကျည်တောက်တို့ကို အလှူခံသွားပါဦးလို့ လျှောက်ထားပြီး ရှိခိုးကန်
တော့ကာ နှုတ်ဆက်စကား လျှောက်ကြားကြပါတယ်။
ဦးရီးရဟန်းတော်လည်း သူဝါကပ်ရာနေရာကနေ မိမိအမြဲသီတင်းသုံးရာ ကျောင်းကို ပြန်လည်
ကြွရောက်လာပါတယ်။ ရွာကပြန်လာတဲ့ တူတော်မောင်နဲ့ ရွာကိုပြန်လာတဲ့ ဦးရီးတို့် လမ်းမှာ
ဆုံခိုက် တူတော်ရဟန်းငယ်က ဦးရီးဆရာကို ဝတ်ကြီးဝတ်ငယ်များပြုစုပြီး သူ့မယ်တော်ကြီး
လှူဒါန်းလိုက်တဲ့ သင်္ကန်းလျာပိတ်စကို ဦးရီးရဟန်းတော်အား ထပ်ဆင့်လှူဒါန်းလိုက်ပါတယ်။
သားတော်ကိုအခေါ်သွားဖို့ ကြွသွားတဲ့သူ့အကိုတော်ရဟန်း ပြန်ကြွအလာကိုစောင့်မျှော်နေတဲ့
ရဟန်းငယ်လေးရဲ့ မိခင်ကြီးလည်း အကိုတော်ပြန်ကြွအလာကို မျှော်လင့်ချက်အပြည့်နဲ့ လက်
ချိုး စောင့်မျှော်လျက်ပေါ့။ သူ့ရင်ထဲမှာတော့ ဝါလည်းကျွတ်ပြီမို့ သူ့တူတော်ကို အပါခေါ်လို့
အကိုတော် ပြန်လာတော့မယ်ပေါ့။ ရဟန်းငယ်လေး ပြန်ကြွသွားလို့ ရက်မကြာမီမှာပဲ ဦးရီး
ရဟန်းလည်း ကောဏ္ဍကရွာကို ပြန်ရောက်ပါတယ်။ သားအပြန်ကိုမျှော်နေတဲ့ မယ်တော်ကြီး
5
လည်း အကိုတော်ရဟန်း ပြန်ကြွလာတာကို အဝေးကနေမြင်ရတဲ့အခါ တစ်ပါးတည်းဖြစ်နေ
တာကို မြင်လိုက်တာနဲ့ပဲ သူ့သားတော် ရဟန်းတော့ အသက်ရှင်လျက် ရှိတော့ဟန်မတူဘူး။
ဒါကြောင့်သာ သူ့အကိုတော် တစ်ပါးတည်း ပြန်လာတာဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ အကိုတော်
ရဟန်းခြေရင်းမှာ မူးမိုက်လို့ လဲသွားပါတယ်။ ဒီတော့မှ အခြေအနေမှန်ကို နားလည်လိုက်တဲ့
အကိုရဟန်းက သူ့တူတော်မောင်ရဲ့ ငြိကပ်တွယ်တာမှုကင်းကင်း၊ တစ်ဝါတွင်း သီတင်းသုံးနေ
ထိုင်သွားခဲ့တဲ့ အနေအထားကို ရှင်းလင်းပြောပြပြီး တူတော်မောင်လှူဒါန်းလိုက်တဲ့ အဝတ်ပိုင်း
စကို သက်သေအဖြစ် နှမတော်ကို ထုတ်ပြခဲ့ပါတယ်။
ဒီတော့မှ သားတော်ရဲ့ သဘောထားကို မိခင်ကြီးလည်း နားလည်သဘောပေါက်သွားပါတယ်။
သူ့သားရဟန်းငယ်ရဲ့ ဗုဒ္ဓသားတော်ပီသမှုကိုလည်း နှစ်ထောင်းအားရ ဖြစ်သွားပါတယ်။ သား
တော်ကြွသွားရာဖက်လှည့်ကာ လက်အုပ်ချီပြီး ဘုရားရှင်က အလိုနည်းခြင်းနဲ့စပ်တဲ့ အရာ။
ကြောင့်ကျမှုကင်းခြင်းနဲ့စပ်တ့အရာ၊ တွယ်တာမှုနည်းခြင်းနဲ့စပ်တ့အရာများမှာ စံယူဖွယ်ရဟန်း
တော်တွေကို သက်သေအရာထားကာ တရားတော်တွေကို ဟောပြောလေ့ရှိခ့ရာမှာ ငါ့ရ့သား
တော်ရဟန်းလို ပုဂ္ဂိုလ်တွေကို စံပြုပြီး ဟောခဲ့တာမျိုးဖြစ်မှာ။ တကယ်လို့သာ ဗုဒ္ဓသာသက်
တော်ထင်ရှား ရှိဦးမယ်ဆိုလျင်ဖြင့် ငါ့ရဲ့ သားတော်ရဟန်းဟာလည်း ဗုဒ္ဓကိုယ်တိုင် စံပြုကာ
ဟောပြောတာကိုခံရတဲ့ ရဟန်းတစ်ပါး ဖြစ်မှာလို့  ဝမ်းမြောက်စွာ ဥဒါန်းကျူးရင့်ခ့ပါတယ်။
တစ်ဝါတွင်းလုံး မိဘအိမ်ကိုကြွရောက်ကာ လှူဒါန်းတဲ့ဆွမ်းကို လက်ခံဘုန်းပေးခဲ့တာတောင်မှ
သူဟာ သားရဟန်းပါလို့ အသိပေးမသွားတာကို အပြစ်တင်ကာ ဝမ်းနည်းရမယ့်အစား သား
တော်ရဲ့ ငြိတွယ်မှု ကင်းတဲ့စိတ်ထားကို နှစ်ထောင်းအားရဖြစ်ခ့တဲ့ အညတြရဟန်းငယ်လေးရဲ့
မိခင်ကြီးရဲ့ ရင့်ကျက်တဲ့ စိတ်ထားကလည်း ချီးကျူးစရာပါ။ သားကလည်း သားကိစ္စ သားပြု။
အမေကလည်း အမေ့တာဝန် အမေကျေပွန်။ အပြန်ပြန်အလှန်လှန် နားလည်မှုပေးကာ နေ
ထိုင်သွားခဲ့ကြတဲ့ ဗုဒ္ဓတပည့် သူတော်မွန်တို့ရဲ့ စိတ်ထားမျိုးကို အတုယူမှတ်သားကာ လိုက်နာ
ကျင့်ပွားဖို့ ကောင်းလှပါတယ်။
ကိုယ့်မိခင်အရင်းအပါအဝင် အားလုံးသော ဒကာမကြီးတွေကိုလည်း သားရဟန်းငယ်အပေါ်မှာ
စာနာနားလည်နိုင်တဲ့ အညတြရဟန်းငယ်လေးရဲ့ မယ်တော်ကြီးလို မိခင်မျိုးဖြစ်စေချင်ပါတယ်။
ပါရမီတွေ မရင့်ကျက်သေးလို့ အရင့်အမကြီးတွေ မဟုတ်သေးတာကြောင့် တွယ်တာမှု အား
လုံးကို မပယ်ဖျောက်နိုင်သည့်တိုင် အပိုအတွယ်အတာတွေကို မလိုပဲ ဝယ်ယူကာ ပူပန်နေရ
သူမျိုးတွေ မဖြစ်စေချင်ပါဘူး။ တကယ်တော့ အချို့အပူတွေက ကိုယ်ကယူချင်လွန်းလို့သာ ရ
နေတတ်တာမျိုးပါ။ ကိုယ်တတ်နိုင်တာရဲ့ ဟိုမှာဖက်မှာရှိနေတဲ့ အပူမျိုးကို သောက ကဲမိုးတဲ့
ကရုဏာတရားတွေနဲ့ ရင်နာစွာ အကြင်နာပွားနေမယ့်အစား ခွင့်လွှတ်တတ်မှု ဥပေက္ခာတရား
နဲ့ စာနာကာ နားလည်ပေးလိုက်စေချင်ပါတယ်။
6
တကယ်တော့ တနယ်ဝေးကို ရောက်နေပေမယ့် အမေ့ချစ်သားသမီးတွေ ရောက်ရာအရပ်မှာ
စွမ်းနိုင်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေလျင်ဖြင့် ကြည်နူးမှုကို အခြေခံတဲ့ မိခင်များရဲ့
အကြင်နာနှလုံးသားနဲ့ အမေတို့ကျေနပ်နေနိုင်ပါစေလို့ ပြောချင်ပါတယ်။ သားကို မမြင်မတွေ့
ရလို့ မျက်ရည်တစ်စက် အမေ့ပါးမှာဝဲဝေ့ကာ စွဲထင်ရလျင်တောင် သောကကြောင့် ကြွေရတဲ့
မျက်ရည်မဖြစ်ပဲ ပီတိကြောင့် ဝေရတဲ့ ကြည်နူးခြင်းမျက်ရည်စက်တွေသာ ဖြစ်ပါစေလို့ အဝေး
ရောက် သားသမီးများကိုယ်စား အမှတ်တရ ဆုတောင်းပေးလိုက်ပါတယ်။ မယှဉ်သာ အကြင်
နာများတဲ့ မိခင်များနှလုံးသားမှာ ရင်နာစရာ ဘာဒဏ်ရာလေးမျှ မထင်လာစေချင်ပါဘူး။ အစဉ်
ထာဝရ အမေအားလုံး ရွှင်ပြုံးလို့သာ ပျော်ရွှင်စေချင်တာပါ။ ။

2009-09-10

တချို့က

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန်
ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က
ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ
လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့
မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား…!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ


ဒီစာသားရေးကို ကြိုက်နှစ်သက်လို့ ထပ်ဆင့်ဝေမျှလိုက်ပါတယ်

သူငယ်ချင်းများ ကိုယ့်ကိုနားလည်ခွင့်လွတ်ပေးနိုင်ပြီး၊ ကိုယ်က
နားလည်ခွင့်လွတ်နိုင်တဲ့ အဖော်မွန်များနှင့် တွေ့ဆုံကြပါစေ။

ခေါက်ဆွဲသုံးပွဲနှင့် ကြက်ဥကြော်

> ၄တန်းတက်နေတဲ့ သားက အိမ်မှာဆို ဘုရင်တစ်ဆူလိုပါပဲ။ တစ်အိမ်လုံးက
> ၀ိုင်းချစ်ကြတယ်။ သားက ကြက်ဥအရမ်းကြိုက်တယ်။ အထူးသဖြင့် ကြက်ဥကြော်ပေါ့။
> တစ်နေ့မနက် ကျွန်မ ကြက်ဥခေါက်ဆွဲ နှစ်ပွဲလုပ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲပေါ်မှာ
> ကြက်ဥတစ်လုံးတင်ပြီး ကျန်တစ်ပွဲက ကြက်ဥမပါဘူး။ ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီး
> သားကို ကျွန်မမေးလိုက်တယ်။
>
> " သား....ဘယ်တစ်ပွဲစားမလဲ ? "
>
> "ကြက်ဥပါတဲ့တစ်ပွဲ မေမေ" သားက ကြက်ဥပါတဲ့ တစ်ပွဲကို လက်ညှိးထိုး ပြီးပြောတယ်။
>
> "မေမေကို ကျွေးပါလား သား... ပုံပြင်တစ်ပုဒ်မှာ လေးနှစ်ပဲရှိသေးတဲ့ ကောင်လေး
> တစ်ယောက်က သစ်တော်သီးမျှသတဲ့။ သားက ဆယ်နှစ်တောင်ရှိနေပြီ မေမေကို
> ကြက်ဥမျှပါနော်"
>
> "ကောင်လေးကကောင်လေး...သားကသား...မမျှနိုင်ပါဘူး"
> "တကယ်မမျှဘူးပေါ့ ? "
>
> သားက ဆတ်ခနဲ ကြက်ဥကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
> "နောင်တမရဘူးလား သား" ကျွန်မမေးလိုက်ပြန်တယ်။
>
> "မရပါဘူး" ကျန်ကြက်ဥကို ပါးစပ်ထဲ ထိုးထည့်ရင်း သားကပြောပါတယ်။
>
> သားစားတာကို ကြည့်ပြီးမှ ကျွန်မခေါက်ဆွဲကို စစားဖို့ပြင်လိုက်တယ်။
> ကျွန်မရဲ့ခေါက်ဆွဲမှာ ကြက်ဥကြော် နှစ်လုံး ဖွက်ထားတာကို သားမြင်အောင်
> ပြလိုက်ပြီး.. "သား...တပန်းသာချင်တဲ့လူဟာ ဘယ်တော့မှ အသာမရနိုင်ဘူးဆိုတာ မှတ်ထား
> နော်" ကြက်ဥကြော်စားနေတဲ့ ကျွန်မကို သားက ငိုမဲ့မဲ့နဲ့ ပြန်ကြည့်ပါတယ်။
>
> ဒုတိယအကြိမ် ခေါက်ဆွဲချက်စားတော့ ပထမတစ်ခေါက်လိုပဲ တစ်ပွဲက ကြက်ဥကြော်ပါပြီး
> ကျန်တစ်ပွဲက မပါ ဘူး။
> "သား...ဘယ်တစ်ပွဲစားမလဲ ?"
>
> "လေးနှစ်သားကလေးတောင် သစ်တော်သီး မျှသေးတာပဲ..မေမေကို သားကြက်ဥ မျှပါတယ်" သားက
> ပြောပြောရီရီနဲ့ ကြက်ဥကြော်မပါတဲ့ တစ်ပွဲကို ရွေးလိုက်တယ်။
>
> "နောင်တမရဘူးပေါ့ ?"
>
> "မရဘူး မေမေ" သားက ပြောပြောဆိုဆို ခေါက်ဆွဲကို စစားပါတော့တယ်။
> ခေါက်ဆွဲကုန်တဲ့အထိ ကြက်ဥကြော်ကို သူမတွေ့ခဲ့ပါဘူး။ ဥပါတဲ့ တစ်ပွဲရဲ့အောက်မှာ
> ကြက်ဥကြော် နောက်ထပ်တစ်လုံး ၀ှက်ထားတာကို သားမြင်အောင် ပြပြီး
> .."သား...ကိုယ်အသာရအောင် လုပ်တဲ့လူဟာ တခါတလေမှာ နစ်နာတတ် တယ်ဆိုတာ မှတ်ထားနော်"
> ဒုတိယအကြိမ် သင်္ခန်းစာရလိုက်တော့ သားက မချိတင်ကဲနဲ့ သွားဖြီးပြပါတော့တယ်။
>
> နောက်တစ်ခေါက် ခေါက်ဆွဲချက်ပြန်တော့ အရင်ပုံစံအတိုင်းပဲ တစ်ပွဲက ကြက်ဥပါပြီး
> နောက်တစ်ပွဲက မပါခဲ့ ပြန်ဘူး။
> " သား...ဒီနေ့ ဘယ်တစ်ပွဲစားမလဲ ? "
>
> " မေမေဟာ လူကြီးပါ...မေမေ အရင်ရွေးပါ။ သားမေမေကို အရင်မျှပါတယ်"
>
> "ဒါဆိုရင် မေမေ အားမနာတော့ဘူးနော်" ကြက်ဥကြော်ပါတဲ့ တစ်ပွဲကို ကျွန်မယူပြီး
> ပြောလိုက်တယ်။
>
> သားက ဥမပါတဲ့ တစ်ပွဲကို စားနေခဲ့တယ်။ စားရင်းစားရင်း အောက်နားရောက်တော့
> သူ့ခေါက်ဆွဲထဲမှာလည်း ကြက်ဥကြော် တစ်လုံးပါတာကို တွေ့လိုက်တယ်။
>
> "သား....အသာမရချင်တဲ့လူဟာ နစ်နာမှုနည်းတယ်ဆိုတာ မှတ်ထားပါနော်"
> သားက ကျွန်မအပြောကို သဘောတူကြောင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြတယ်။
> ကျွန်မရဲ့အပြောကို အခုအချိန်မှာ သားဟာ သေချာသဘောပေါက်လိမ့်မယ် မထင်ဘူး။
> ဒါပေမယ့် စကားသုံးခွန်းနဲ့ ခေါက်ဆွဲစား ခဲ့တာကိုတော့ သားတစ်သက် မေ့လိမ့်မယ်
> မထင်ဘူး။

Forward mail ထဲကရတာပါ..သူငယ်ချင်းတွေလည်းဗဟုသုတ ရအောင်ဝေမျှပေးလိုက်ပါတယ်...

စိတ်ထားတတ်ရင် မြတ်ပါတယ်....

တခါက ကက်သလစ်ဘာသာဝင်တွေနေတဲ့ ရွာတစ်ရွာကို ဂျူးလူမျိုးတစ်ယောက်ပြောင်းလာပါ
သတဲ့။
သူက ကက်သလစ်တွေရဲ့ ဘုရားရှိခိုးကျောင်းနားမှာ အိမ်ဆောက်ပြီးနေတယ်။
အဲဒီမှာ သောကြာနေ့ရောက်လာတော့ ကက်သလစ်တွေရဲ့ ဘုရားရှိခိုးပွဲရှိပါတယ်တဲ့။

ကက်သလစ်တွေက ဘုရားကျောင်းထဲမှာ ဘုရားရှိခိုးနေကြတဲ့အချိန်မှာ အဲဒီဂျူးလူမျိုးရဲ့ နေအိမ်ထဲကနေပြီးတော့ အမဲသားကြော်နံ့က စူးစူးဝါးဝါးထွက်လာတယ်တဲ့။
ကက်သလစ်ဘာသာဝင်တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ကြတာပေါ့။ ဘာလို့လည်းဆိုတော့ ကက်သလစ်တွေက သောကြာနေ့တိုင်း ဘုရားရှိခိုး ၊ အမဲသားမစားပဲ ငါးကိုစားကြတာကိုး။ သူတို့ရဲ့ ဥပုသ်ရက်လို့ခေါ်ရမလားပဲ။

အဲလို ဂျူးလူမျိုးရဲ့ အိမ်ထဲကထွက်လာတဲ့ အမဲသားကြော်နံ့က သူတို့ဘာသာရေးနေ့မှာ အနှောင့်အယှက်တစ်ခုလို ဖြစ်နေတော့တာပေါ့။ အဲဒီတော့
ကက်သလစ်တွေက ဂျူးလူမျိုးကို သူတို့ကက်သလစ်ဘာသာဝင်ဖို့ စည်းရုံးရအောင်ဆိုပြီး တိုင်ပင်ကြတယ်။ ပြီးတော့ ဂျူးလူမျိုးကြီးဆီသွားပြီးတော့ တိုက်တွန်းကြတယ်။
သူတို့ဘာသာကို ၀င်ပါဆိုပြီးတော့ပေါ့။

ပထမတော့ ဂျူးကြီးကငြင်းပါသေးတယ်။ နောက်တော့ ရွာခံလူထုရဲ့ဆန္ဒကို လွန်ဆန်နေလို့ သူ့အတွက် အကျိုးမရှိနိုင်ဘူးဆိုတာ သဘောပေါက်သွားပုံရပါတယ်။
ကက်သလစ်ဘာသာဝင်ဖို့ လက်ခံလိုက်တယ်။

အဲလိုနဲ့ သူ့ကို ကက်သလစ်ဘာသာထဲသွတ်သွင်းတဲ့ အခမ်းအနားကို ကျင်းပမယ့်ရက်ရောက်လာပါရော။ ခေါင်းကိုင်ဘုန်းကြီးက သူ့ကိုပြောတယ်။

`ငါ့သား… ငါ့သားဟာ ဂျူးအဖြစ်နဲ့မွေးတယ်။ ဂျူးအဖြစ်နဲ့ ကြီးလာတယ်။ ကဲ … ခု ငါ့သားဟာ ကက်သလစ်ဖြစ်ပြီ´

အဲလိုသွတ်သွင်းပြီးတော့ သူ့ကို ဘုန်းကြီးက သူတို့ကက်သလစ်တွေဟာ သောကြာနေ့တိုင်း အမဲသားရှောင်ပြီးတော့ ငါးကိုပဲစားကြကြောင်း အထူးသတိပေးရှင်းပြတယ်။
ဂျူးလည်း ဘုန်းကြီးရှင်းပြတာကို ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပြီးတော့ပြန်သွားရှာတယ်

အဲလိုနဲ့ နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာပြန်ရောတဲ့။ ကက်သလစ်တွေလည်း ဒီတစ်ခါတော့ အေးအေးဆေးဆေး ၀တ်ပြုလို့ရပြီဆိုပြီး စိတ်ချမ်းသာနေကြတာပေါ့။
သိပ်မကြာပါဘူး။ ဂျူးအိမ်ထဲက အရင်လိုပဲ အမဲသားကြော်နံ့က ထောင်းခနဲထွက်လာပြန်ရောတဲ့။ အဲဒါနဲ့ ရွာသားတွေရော ၊ ဘုန်းကြီးရော ဂျူးရဲ့အိမ်ဘက်ကို ထွက်လာကြတာပေါ့။
ဂျူးကို တားမြစ်ဖို့လေ။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဂျူးက အမဲသားကြော်ကို ဒယ်အိုးပေါ်မှာ အပြန်ပြန် အလှန်လှန် ယောင်းမနဲ့မွှေပြီးတော့ အော်နေတာကိုး။

`မင်းဟာ နွားအဖြစ်နဲ့မွေးတယ် နွားအဖြစ်နဲ့ကြီးလာတယ် ကဲ… ခု မင်းငါးဖြစ်ပြီ´
♥မျောက်တစ်အုပ်နဲ့ ဦးထုပ်သည် (ကောင်းသန့်)
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
♥ ♥ ♥ ♥


♥တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက် လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွား
တယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို
မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး
သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာ
မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး
ခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက
ဦးထုပ်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်း
အိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က
မျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး
သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း
သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့
သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာ
အသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…



´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။



အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့
တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။

အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။

၂။ ဇီဇာကြောင်တတ်သည်။

၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။

၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။

၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။

၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။

ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။

ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။

၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။

၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။

၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။

၁၂။ မိုးလေ၀သလို ခန့်မှန်းရခက်တတ်သည်။

၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။

၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။

၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။

၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။

၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။

၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။

၁၉။ သီချင်း၊၀တ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။

၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။

၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။

၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့ စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။

၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။

၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။

၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။

၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။

၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။

၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။

၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။

၃၁။ သရဲ ၊တစ္ဆေ ထက် လူ ကို ပိုကြောက်တတ်ကြသည်။

၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။

၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။

၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။

၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်

၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။

၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ၀န်လေးနေတတ်သူများဖြစ်သည်။

၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။

၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။

၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။

၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။

၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။

၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။

၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။

၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။

၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။

၎ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။

၎ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။

၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။

၅၀။ ဘ၀တူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။

၅၁။ ဘ၀ရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။

၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။

၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။

၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။

၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။

၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။

၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။

၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။

၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။

၆၀။ အပြစ်ရှာမြန်တတ်သည်။

၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။

၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။

၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။

၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။

၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။

၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။

၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။

၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။

၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။

၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။

၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။

၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။

၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။

၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။

၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။

၇၆။ နောက်ကျောမလုံတတ်ကြချေ။

၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။

၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။

၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။

၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။

၈၁။ အချော့ကြိုက်တတ်ကြသည်။

၈၂။ စိတ်ကောက်မြန်တတ်ကြသည်။

၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။

၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။

၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။

၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။

ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်။

၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။

အောင်မြင်ချင်ရင်...

Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။

Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။

Consider things from every angle.
အရာတိုင်းကို ရှုထောင့်စုံက စဉ်းစားတွေးတောပါ

Don't give up and don't give in
ဘယ်တော့မှ လက်မလျှော့ပါနဲ့ ပြီးတော့ အရှုံးမပေးပါနဲ့

Enjoy life today. Yesterday is gone and tomorrow may never come.
ပစုပ္ပန်မှာ ဘ၀ကို ပျော်အောင်နေပါ။ မနေ့က ကုန်လွန်ခဲ့ပြီး မနက်ဖြန်က ရောက်ချင်မှ ရောက်လာမှာပါ

Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ့ သူငယ်ချင်း ဆိုတာ ပုန်းကွယ် နေတဲ့ ရတနာ တွေပါ။ သူတို့ကိုတွေ့အောင် ရှာဖွေပြီး သူတို့ကို ကောင်းကောင်း တန်ဖိုး ထားပါ။

Give more than you planned to
စီစဉ်မှန်းထားတာထက် ပိုပေးပါ

Hang on to your dreams
အိပ်မက်များကို မြဲမြဲဆုပ်ကိုင်ထားပါ

Ignore them who try to discourage you
သင့်ကို စိတ်ဓာတ်ကျအောင်ကြိုးစားသူ၊ စိတ်ဓာတ်ကျစေသူများကို လျစ်လျူရှုပါ

Just do it
ရဲရဲသာလုပ်ပါ

Keep trying no matter how hard it seems, it may get easier
ဘယ်လောက်ခက်တယ်လို့ ထင်နေပါစေ၊ ဆက်ကြိုးစားနေပါ၊ ပိုလွယ်ကောင်းလွယ်နေပါလိမ့်မယ်

Love yourself first and most
ကိုယ့်ကိုယ်ကို ပထမဆုံးနဲ့ အများဆုံးချစ်ပါ

Make it happen
အဖြစ်ရှိအောင် အလုပ်လုပ်ပါ

Never lie, cheat or steal, always strike a fair deal
ဘယ်တော့မှ မလိမ်ပါနဲ့၊ မညာပါနဲ့၊ မခိုးပါနဲ့၊ အမြဲ တရားမျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တိုက်ယူပါ

Open your eyes and see things as they really are
သင့်အမြင်များကို ဖွင့်ထားပါ။ ပြီးတော့ အရာရာကို အမှန်အတိုင်းမြင်နိုင်ပါစေ

Practice makes perfect
လေ့ကျင့်ခြင်းသည်သာ အမှန်တကယ် ပြီးပြည့်စုံစေသည်

Quitters never win and winners never quit
လက်လျှော့သူ ဘယ်တော့မှ မအောင်နိုင်၊ အောင်နိုင်သူ ဘယ်တော့မှ လက်မလျှော့

Read, study and learn about everything important in your life
သင့်ဘ၀အတွက် အရေးကြီးသော အရာအားလုံးကို အမြဲ ဖတ်ပါ၊ လေ့လာပါ၊ သင်ယူပါ

Stop procrastinating
Take control of your own destiny
သင့်ပန်းတိုင်ကို သင်ကိုယ်တိုင် ထိန်းချုပ်ပါ

Understand yourself to better understand others
သူများကိုပိုနားလည်ဖို့အတွက် သင်ကိုယ်တိုင်ကို သင် ပိုနားလည်ပါစေ

Visualize it
စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားသလို ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေပါစေ

Want it more than anything
ကိုယ့်ကိုယ်ကို နားလည်မှုကို အခြားအရာအားလုံးထက် ပို လိုချင်နေပါစေ

Xcellerate your efforts
ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

You are unique of all God's creation, nothing can replace you
လောကမှာ ရှိတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုတွေထဲမှာ သင်ဟာ အနှိုင်းမဲ့ဖြစ်တဲ့အတွက် သင့်ကို မည်သည့်အရာကမှ အစားထိုးလို့ မရနိုင်ဘူး ဆိုတာကို သတိရပါ။

Zero in on your target and go for it
သင့်ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ။ ပြီးတော့ အဲဒါကိုရအောင် ရောက်အောင် သွားပါ။

နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူဖြစ်ချင်သလား

၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။

၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။

၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။

၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။

၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။

၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။

၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။

၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။