သီးသစ်စ မှကြိုဆိုပါ၏
2009-08-21
လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိပါ။ကမ္ဘာနေရာအတော့်များများမှာတော့ အဆင်ပြေပါတယ်)
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သင် ဘာလုပ်မလဲ ?။
1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။
2. တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။
3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။
သင့် ကားတံခါး ပွင့်သွားပါလိမ့်မယ်။
စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။
(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
(မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)
2009-08-13
2009-08-09
ွအင်ဒိုနီးရှားမှ အန္တရာယ်အကြီးဆုံး မီးတောင်
ပေါက်ကွဲမှုကြီးမျိုး နောက်တစ်ကြိမ် ဖြစ်လာမည်ကို ပညာရှင်များကစိုးရိမ်နေသည်။
ထိုမီးတောင်သည် (၁၈၈၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ မြို့ရွာ(၁၆၅)ခု ပျက်စီးပြီး လူပေါင်း(၃၆၀၀၀)ကျော် အသက်ဆုံးရှုံးကာ မီးတောင်ပေါက်ကွဲမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုကို (၅)နှစ်မျှ ကြုံတွေ့ခဲ့ရသည်။ ကျွမ်းကျင်သူများက ထိုစဉ်က ပေါက်ကွဲခဲ့သည့် ပြင်းအားသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်တို့ ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် အဆ(၁၃၀၀၀)ထိ ပိုပြင်းကြောင်း တွက်ချက်ဖော်ပြထားသည်။
ထိုမီးတောင် ပေါက်ကွဲမှုကို ကရာကာတိုဝါကျွန်းနှင့် (၇)မိုင်အကွာမှ ဂျာမန်သင်္ဘော အဲလိဇဘက်က တွေ့ရှိခဲ့ပြီး ချော်ရည်နှင့်ပြာများသည် ကောင်းကင်သို့ (၂)မိုင်မျှအထိ မြင့်မားစွာ ထိုးတက်သွားကြောင်း ကမ္ဘာသို့ အစီရင်ခံခဲ့သည်။ မီးတောင်ပေါက်ကွဲသည့် အသံကို မိုင်(၁၉၀၀)ဝေးသည့် ဩစတြေးလျနိုင်ငံ ပါ့သ်မြို့နှင့် မိုင်ပေါင်း(၄၅၀၀)ကျော်ဝေးသည့် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တို့မှ ကြားခဲ့ရသည်။
(၁၉)ရာစု၏ အဆိုးရွားဆုံး ပေါက်ကွဲခဲ့သော မီးတောင်တစ်ခုဖြစ်သည့် ကရာကာတိုဝါသည် ရာစုနှစ် (၂)ခုကို ကြုံဆုံခဲ့ပြီးနောက် ယခုအခါ ပြန်လည်အသက်ဝင်ကာ ချော်ရည်များ စီးထွက်လျက်ရှိပြီး လိမ္မော်ရောင် တောက်ပသည့် မီးရဲရဲ ကျောက်ရည်ပူများအား အဝေးမှပင် မြင်နိုင်သည်။ မီးတောင်သည် (၂၀၀၇)ခုနှစ်က တစ်ကြိမ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ငြိမ်သက်ခဲ့သဖြင့် ကျွန်းသားများက စိုးရိမ်စိတ် လျော့နည်းနေသော်လည်း ယခုအခါ ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်သည်။
ထိုမီးတောင်သည် မူလက (၂၆၆၇)ပေ မြင့်သော်လည်း မီးတောင်ပေါက်ကွဲစဉ် ပင်လယ်ရေမျက်နှာပြင်အောက်သို့ ပေပေါင်း(၈၂၀) ကျွံဝင်သွားခဲ့သည်။ မှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုကြောင့် ပေ(၁၃၀)မြင့်သည့် ဆူနာမီ ရေလှိုင်းကြီးများလည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။
2009-07-31
2009-07-10
2009-03-11
သီးသစ် စ ရင်တွင်းဖြစ်ကဗျာများ
တနေ့နေ့ တစ်ချိန်ချိန် တနေနေရာမှာ
ဒီလိုဝေးကွာရမယ့်အတူတူ
အစကတည်းက မဆုံးစည်းဖြစ်ခဲ့ရင်
ပိုကောင်းမှာပဲနော်…
ဒါပေမယ့်…
သူငယ်ချင်းတို့ရယ်..
လောကလူသားတွေအားလုံးဟာ
သံသရာ ရေပြင်ပေါ်က
ကံကြမ္မာလေစိမ်းတွေကြောင့်
လှုပ်ရှားသွားလာနေကြတဲ့
ဗေဒါပင်တွေပါ…
ကံကြမ္မာလေစိမ်းတွေ
တိုက်ခတ်လာမှုကြောင့်
တို့တတွေ ဆုံတွေ့ရတာပေါ့။
တို့တတွေ လမ်းခွဲခိုင်းတော့လည်း
တို့တတွေ လမ်းခွဲရတာပေါ့.
အားလုံးဟာ မမြဲခြင်းသင်္ခါတွေမို့
မလွန်ဆန်နိုင်တဲ့ လောကဧည့်သည်တွေပါ
တွေ့ဆုံခြင်းရဲ့နှောက်မှာ
ခွဲခွာခြင်းဆိုတာ ရှိစမြဲမို့
အချိန်တန်လို့ လမ်းခွဲရတာပေါ့။
လမ်းခွဲတာ ဝမ်းနဲစရာမှ ဟုတ်တာ။
ဒါပေမဲ့ …သူငယ်ချင်းတို့…ရယ်…
ဆုံတွေ့ခိုက်မှာတော့ ပုံမစေ့ကြေးနော်…
By…သီးသစ်စ
သူငယ်ချင်းများသို့ ပေးစာ
အချိန်တွေတရွေ့ရွေ့ ကုန်လွန်ခဲ့ပါပြီး
ဝေးကွာခွဲခွာ ရဘို့အတွက်၊ အချိန်ဆိုတာ………
ကျွန်တော့်အတွက် မနက်ဖြန်ပါပဲ
သူငယ်ချင်းတို့ရယ်…
၈ လဆိုတဲ့ အချိန်ကာလဟာ
မျက်စိတမှိတ် လျှပ်တပျစ်ပါပဲလား
ခွဲခွာခြင်းကို ပိုင်းဆိုင်ရပြီးဟု
သိလိုက်ရတဲ့အချိန်မှာ ခွဲခွာခြင်းရဲ့ အနှစ်သာရကို
ကျွန်တော်နားလည်လိုက်ပါပြီး
“လမ်းခွဲတာ ဝမ်းနဲစရာလား”
ကျွန်တော် အမြဲ သုံးနေကျစကား
အစက လက်မခံခဲ့ပါ။
တကယ်ကြုံတွေ့မှပဲ ရင်တွင်းကို နေမင်းထက်မက
ပူလောင်စေတယ်ဆိုတာ
နားလည်လိုက်ပါပြီး ဒူးထောက်ဝန်ခံခဲ့ပါပြီး
သူငယ်ချင်းတို့ရယ်…
“နုတ်ဆက်ထွက်ခွာသွားသူနှင့် လက်ပြကျန်ရစ်သူ ဘယ်သူပိုဝမ်းနဲရပါသလဲ…
အဖြေဝိုင်းထုတ်ပေးကြစမ်းပါ…
သမုဒယနွယ်ခက်တွေနဲ့ သံယောဇဉ်တွေငြိတွယ်ရစ်ပတ်
ခင်မင်ပျော်ရွင်လို့ မဝခင်မှာ ကျောခိုင်းခွဲခွာရတော့မှာမို့
ရှေ့ဆက်ရမယ့်ပျှော်ရွင်မှုတွေ လေထဲလွှင့်ပြယ်ခဲ့ရပါပြီး…
တွေးရင်း ရင်မောစရာပါပဲ သူငယ်ချင်းတို့ရယ်…
ဆုံတွေ့ ခဏ ကြုံတွေ့ရ
ရစ်နှောင်ဖွဲ့စည်း သံယောဇဉ်ကြိုး
သြော် …ဝေးချိန်ခါဝယ်
သူ့လမ်းသူလမ်းကိုယ့်လမ်းနဲ့ ကိုယ်ပါပဲလား
ဝေးသော်ငြားလည်း
သံယောဇဉ်ကြီးသူအဖို့
ရေးသားသည်စာ သက်သေသဝဏ်လွှာ
ထာဝရ ခင်မင်လျက်…
By….သီးသစ်စ
အနားမှာနေခွင့်ရလည်း
နင်ဟာ ငါ့ရဲ့အနီးဆုံးသူမို့
ရင်တွင်းက စကား ဘယ်လိုလုပ်ပြီး
ဖွင့်ဟဝံ့မှာလည်း
အနားမှာနေခွင့်ရပေမဲ့ ခိုးခိုးကြည့်တဲ့ ဘဝပါ…
တုံ့ပြန်လာမယ့်မင်းရဲ့ အကြည့်စူးရှမှုကြောင့်
မရင်ဆိုင်ရဲနိုင်လို့ပါ
တခါတခါ မင်းအလှသဏ္ဍာန်မှာ မျှောဝင်သွားခဲ့
တိတ်တဆိတ် ငါ့ရင်ခုန်သံတွေ မင်းမကြားနိုင်ခဲ့ပါ…
ဖေါ်ရွင်သော မင်းရဲ့အပြုံး ပျူငြာသော မင်းရဲ့စကားလုံးကြား
ငါ့စိတ်တွေယိမ်းယိုင်သွားခဲ့ပေမဲ့ ကျောက်ရုပ်လို အော့အိဟန်ဆောင်
နေရတယ်…
ငါ့ဘဝအတွက်လက်တွဲဖေါ်ဟာ မင်းပါလို့
လူသိရှင်ကြားအော်ပြောလိုက်ချင်တယ်
ဒါပေမဲ့…. အဲလောကထိ ငါ မစွန့်စားရဲသေးဘူး
စို့ရွိ့မှုတွေပြည့်နက်နေတဲ့ ငါအတွက
ဖြည့်စည်းမှုတွေ မင်းပေးနိုင်မှာလား ဖြစ်ချင်ဆန္ဒတွေတောင်းဆိုပေမဲ့
အပြင်လောကမှာတော့ ငါဟာတိတ်တခိုးနဲ့ပဲ မင်းကို ချစ်နေတဲ့ဘဝပါ…
ဒီလိုနဲ့ ငါ့ဘဝတစ်ခုလုံးမျိုသိပ်ရတော့မှာလား
ဖွင့်ပြောခဲ့မိရင်လည်းမျိုသိပ်ခြင်းရဲ့ရလာဒ်
ကံကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်
မှ သီးသစ်စ
လွမ်းတသသ
ကွေကွင်းရခြင်းကြောင်း ဆွေးရတယ်ဆိုလား….
အတိတ်ဟိုး…စီကို….
မျှော်မှန်းလို့ငါလွမ်းရင်း
နှလုံးသားသံစဉ် တစ်ခုပေါ်သို့ ငါမျှောနေခဲ့တယ်…
မင်းကိုတမ်းတလို့ အလွမ်းကလေးသာ
ခြေရာပေါက်ခဲ့ရင် ငါ့နှလုံးသားရင်ပြင်တစ်ခုလုံး
ခြေရာလေးပွစင်နေလောက်ပြီး
လွမ်းရတယ်ဆိုတာ ကြားရသူအတွက်
တကယ်တမ်းဘာမှ မဟုတ်သလို
တကယ်ခံစားသူငါ့မှာတော့
နေမင်းထက်မက ပူပြင်းလွန်းလှပါတယ်…
ဆုံးနိုင်ခွင့်ရှိနေပေမဲ့ စံပယ်ဖွင့်တွေခြောက်ကုန်ပါပြီးလေ
တို့နှစ်ယောက်အတွက် ချစ်ခြင်းရဲ့သစ္စာတရားကြီးကို
ဆုံးစည်းဖို့ အတွက် ရည်မှန်းရန်မျှော်လင့်ချက်တစ်ခုအဖြစ်
ငါ့ရင်မှာ ထာဝစဉ် ကိန်းဝပ်မြဲပါကွယ်….
အချစ်ဟာ ပေးဆပ်ခြင်းပါ
မချစ်လို့ မဟုတ်ပါဘူး..
ချစ်လွန်းလို့ပေးဆပ်လိုက်တာပါ
ကိုယ့်ထက်အစစ အရာရာသာတဲ့သူမင်းအခွင့် သာခဲ့ပြီးပဲ့
မင်းဘ၀အေးငြိမ်းဘို့ ဆိုရင် ငါ့ဘ၀တစ်ခုလုံး
ပေးဆပ်ဖို့ အဆင်သင့်ပါ….
အဆင်သင့်ဖြစ်လို့ပဲ မင်းအတွက်ပေးဆပ်ခဲ့တာ
ငါ့နလုံးသားမှာ ဒဏ်ရာပေါင်းများစွာ
အထိနာခဲ့တယ်…
ဒါပေမဲ့ ငါမနာပါဘူးဟာ….
ရိုးသားလွန်းတဲ့ ငါရင်ခုန်သံတွေ
လေပြင်လိုပဲ့နူးညံ့ခဲ့လေရဲ့…
မင်းတစ်ယောက်ထဲအတွက်မို့
ပိုင်ဆိုင်လာမယ့် မျော်လင့်ချက်ဝေးရက်ကလေးတွေကို
လွမ်းမောစွာကြိုလင်းရင်း
အခစားဝင်ခဲ့တဲ့ငါ့နှလုံးသား
ဒဏ်ရာရခဲ့တယ်…နင်မသိလိုက်ဘူး…
ဆုံစည်းခွင့် မပေးလို့သာ မဆုံနိုင်တာ
ကံကြမ္မာကိုပဲ အပြစ်ပုံအပ်လိုက်တော့မယ်…
သီးသစ်စး(ရေး)
အချစ်မျက်ဝန်း
မင်းရဲ့အလှမျကဝန်းတစုံနဲ့
ငါ့ဘဝတစ်ခုလုံးကို ညှို့ယူဖမ်းစားခဲ့တယ်ဆိုတာ…
နင်…တကယ်မသိတာလား…
ဒါမှမဟုတ် သိလျက်နဲ့
မသိချင်ဟန်ဆောင်နေတာလား…
သေချာတာတစ်ခုကတော့
သိလျက်နဲ့ ဟန်ဆောင်ခြင်းပါပဲ။
တွေ့မြင်နေရပေမဲ့
ရင်ထဲက ဝေဆာလာမဲ့ စကားလုံးတွေ
ဖွင့်မရဲလို့ မျိုသိမ့်ခဲ့ရပါတယ်
မင်းမျက်ဝန်းရဲ့စူးရှမှုကြောင့်
ငါ့ရဲ့ရင်ခုန်သံတွေ ခက်ထန်ခဲ့တာ
အိပ်ရေးပျက်ခဲ့တဲ့ညပေါင်းမနည်းတော့….
ဖွင့်ပြောချင်ပေမဲ့ စို့ရွံ့မှုတွေပြည့်နက်နေတဲ့
ငါ့ဘဝအတွက်…
ဖြည့်စည်းမှုတွေ မင်းပေးနိုင်မလား
အမြဲမြင်တွေ့ ချင်ပေမဲ့..
တကယ်တမ်းမြင်တွေ့ ရတဲ့အခါကျတော့
စူးရှလွန်းတဲ့မင်းမျက်ဝန်းကို
ရင်မဆိုင်ရဲခဲ့တာ အမှန်ပါ…
မင်းတစ်ယောက်ထဲ အတွက်နဲ့
ငါမျိုသိမ့်ရလွန်းလို့ ငါ့နှလုံးသားဟာ
မွန်းကြပ်နေပါပြီးဟာ… ဘောင်ပင်ခတ်နေပြီး
ငါ့အချစ်တွေ ထွက်ပေါက်အဖြစ်နဲ့
စာရွက်ပေါ်မှာ ရေးချမိတယ်…
စိတ်ဆန္ဒကတောင်းဆိုပေမယ့်
အပြင်လောကမှာတော့..
အချစ်မျက်ဝန်းတစ်စုံကို ရင်ထဲစွဲငြိပြီး
တိတ်တခိုးနဲ့ ချစ်နေရတဲ့ငါ့ ဘဝပါ..ဟာ…
…ငါရဲ့မေတ္တာ၊ အကြင်နာ
သက်ဆိုင်သူတစ်ယောက်သိနိုင်ပါစေ…
ညအလင်းကိုပေးသော မိုးကောင်းကင်တစ်ခုစီသို..
သီးသစ်စ
အနမ်းကလေးရဲ့ ဒိုင်ယာရီ
လောကကြီးတစ်ခုလုံး မိုက်မှော်သွားခဲ့
ကြယ်စင်များအလင်းမဲ့ မိုးတဖွဲဖွဲနဲ့ပေါ့
ကျဉ်းမြောင်းလွန်းတဲ့ အခန်းငယ်တစ်ခုထဲဝယ်
ပျားပိတုန်းက ပန်းဝတ်ရည်ကို စို့ယူဖဲ့ချွေသွား..
အနှုင်းမဲ့ ရင်ခုန်သံ ပျက်စီးလို့မရတဲ့
အလွမ်း ဒိုင်ယာရီလေးပေါ့…
ဆိုင်သာဆိုင် ခူးခွင့်မရတဲ့ ဥယျာဉ်မှူးဘဝ
သူ့အလှကို အဝေးကမော့ကြည့်ရှာ
ပန်းသ္ခင်ဖြစ်ချင်ရှာ သော်လည်း
ကံကြမ္မာသူ့ ဘက်မရပ်တည်သေးတဲ့
တခါတလေ လူတိတ်တဆိတ်တဲ့
ညအမှော်ထဲမှာ ဖိစည်းမှုကြောင့်
သူအိပ်မရခဲ့ပါ…
ဖြစ်ပျက်ခဲ့တဲ့ အတိတ်ဟောင်း
အနာတရ ပိုင်ဆိုင်လိုက်ရ
“မွန်းကြပ်လိုက်တာ” လို့
ရင်ထဲ တိတ်တိတ်လေး
ရင်ရွတ်မိခဲ့တယ်..
ဒိုင်ယာရီကို ကုန်းကောက်ပြီး ငါရေး
မျက်ရိပ်အောက်က ဖြတ်သန်းတဲ့ အရိပ် “မဲ”
အရိပ်မဲ့ သဏ္ဍာန်လေး
နဖူးပြင်မှာ အနမ်းတစ်ဖွင့်
အတိုင်းဆမဲ့ အလွမ်းရစ်ထင်ကျန်ခဲ့
ဟာနယ်မှာ စာစီပြီးဖွဲ့နွဲ့
ကောင်းသောဘဝမှာ ကောင်းသောခြေလှမ်းတွေနဲပ
စွဲငင်အားပေးတဲ့နေမင်းကြီးရယ်
ပူလောင်လွန်းလှချည်လား
တမလွန်ထိ ထင်ကျန်ရစ်တဲ့ မင်းရဲ့အနမ်း
ဆေးနည်းပေါင်းတစ်ထောင်သုတ်စင်ဆေးကြောခဲ့လဲ
သမုဒ္ဒ ရာရေခန်းခြောက်ပေမဲ့ မပျက်ပြယ်
မှန်ကိုကြည့်တိုင်း မျက်နှာပေါ်ကအမာရွတ်ကိုတွေ့လို့
မဟောင်သဓာကို သတိရနေတဲ့ ပုဏ္ဏားပါ..
ငါ့ဘဝ အတွက် ဒိုင်ယာရီစိုက်ထူထားတဲ့ ကျောက်တိုင်ကြီးဟာ
မင်းရဲ့အနမ်း ဒိုင်ယာရီ မှတ်တိုင်ကြီးပါ…
လူသာပျော့ အသဲမပျော့ပါ
နင်ရဲ့အမုန်းဆုံး ကြည့်မရသူက
ပြောင်စပ်စပ် ကိုငပိန်ဆိုတာ
ဟုတ်မှာပေါ့လေ…
နင်ဘဝရှေ့ရေး သာယာငြိမ်းအေးနိုင်ဘို့
ယောင်္ကျားကောင်းတွေ ရှာဖွေချိန်မှာ
ကိုငပိန်ဟာ လူပျော့ပဲမို့ မင်းအတွက်အချည်းနှီးဖြစ်မှာပေါ့…
နှလုံးသားဆန္ဒက ပြင်ပြလို့
ဖွင့်ဟမှုတွေ နင်အမြဲငြင်းဆန်မြဲ
ခံစားခဲ့လို့ ဆိုပေမဲ့..မဖြစ်သလောက်ပါ ငါယောင်္ကျားပါ..
ကိုငပိန်လည်းကလဲ အသည်းမာသူမို့
နောက်ဆုံး ….စာရေးသူတွေ အဖြစ်မျိုး
အချစ်အတွက်နဲ့ စိတ်ဓါတ်ကျပြီး
အမှောင်ကို တိုးဝင်တဲ့ အဖြစ်မျိုး
ငါကံ မဆိုးလောက်ပါဘူး…
တစ်ခုလောက်ရှိတယ်… မိန်ခလေး
ယောင်္ကျားရင်ခွင် သော်မတင်ပဲ
အဖြစ်နဲ့ကြုံမှ နှလုံးသား တောင်းဆိုဖူးသူ
ကိုငပိန်ကို သတိရမှ
ပိုငပိန်ရေ… ကူကယ်လေဟု ဆိုလာပြုသော်
ကိုငပိန်လည်း ဆောရီးပဲလို့
လက်ကာပြုလျက် …မိန်းခလေး
နှစ်သစ် အိပ်မက်သစ်(၂၀၀၇)ကစ
လူ့ဘဝရဲ့ တစ်ခဏတာ မျက်စိတမှိတ်
ကာလအတွင်းမှာ အနှိုင်းမဲ့ပျော်ရွင်မှု
ခံစားခွင့်ရခဲ့တယ်…
ဘယ်တော့မှ မချစ်ခဲ့ပါဆိုတဲ့
ငါ့နှလုံးသား ကျောက်ဆောင်လိုမာကျောပြီ
အလံတင်ပြခဲ့တယ်
တကယ်တော့ နှလုံးသားဆိုတာ
လိုချင်သလို ပုံသွင်းပန်းပုထွင်းလို့ မရပါလား
သူနဲ့ကျမှ ငါ့နှလုံးသား အရည်ပျှော်သွားတယ်…
တစိတ်ချင်းသူဖဲ့ယူခဲ့တယ်…
ဖြစ်ခါစငါ့ရဲ့ အချစ်ရောဂါ ကို ၁၅၀၀ ဆိုတဲ့ ဆေးနည်းသစ်နဲ့
မင်းကုမှ ဖြေပျောက်နိုင်မယ်ဆိုတဲ့ ဆန္ဒပြင်းပျတော့
သူဂရုဏာ စိတ်သက်ဝင်ခဲ့ပြီးလေ…
တင်ပြမှုအကြိမ်ဖန်များလာတော့
ဝါဆိုလပြည့်နေ့မှာ ဆန္ဒပြုသော ဆုတောင်းချက်
နတ်သမီးလေးတောင်မနေနိုင်တဲ့ ငါ့အဖြစ်ဆိုး
၂၉.၀၇.၂၀၀၇ ….၀၄း၂၀ မိနစ် ညနေစောင်းအချိန်မှာ
သိကြားမင်း ဆင်းသက်ဖြည့်ဆည်းပေးခဲ့တဲ့ ငါ့ရဲ့အချစ်ဝေဒနာ
ရင်တွင်းပူလောင်မှုငြိမ်းအေးစေခဲ့ပြီး
ငါ့အိပ်မကထဲမှာ ရွှေရောင်နတ်သမီးအဖြစ်
အမြဲလာရောက်စိုးမိုးခဲ့ပြီးလေ မင်းလေး…
အဲဒီ..အချိန်ကစပြီး ငါဘဝတစ်ခုလုံး
ဘယ်အရာမှ မလိုတော့ပဲ
ပြီးပြည့်စုံသွားဆန္ဒကြီးတစ်ခုပါလေ…
သီးသစ်စ
အမှားထဲက အမှန်နုတ်ယူခြင်း
အမှားနှစ်ခုသည် အမှန်တစ်ခု
ဖြစ်လာဘို့ ထုံးစံမရှိပါ…
သူကမှားနိုင်သလို
ကိုယ်က မှားနိုင်ခွင့်ရှိတယ်….
အမှားကို ပြုပြင်ဘို့အတွက်.
အချိန်နောက်ကျတယ်ဆိုတာမရှိ
အမှားကိုမှားမှန်း သိတဲ့အချိန်ကစပြီး
ပြုပြင်ဖာထေးလိုက်ပါ…
လူသားတိုင်းသည် တစ်ခုမဟုတ်
တစ်ခုမှားလေ့ရှိတယ်…
အမှားနဲသူနှင့် အမှားများသူသာ
ကွာနေတာပါ…
တခါမှ အမှားမလုပ်ဖူးသူရှိခဲ့ရင်
ဘာအလုပ်မှ မလုပ်တဲ့သူသာတည်ါ်…
မှားသည့်အခါ မိုးပေါ်ကိုမော့ပြီး
“လောကကြီးမတရားဘူး”
လို့အပြစ်မတင်သင့်.၊ ဒါလူသားစိတ်ဓါတ်မဟုတ်ပါ…
လောကကြီးဟာ သူ့ဖာသူနေတာပါ…
မှားတာက လူတွေပါ အဲဒီအချိန်ကျရင်
စိတ်ဓါတ်ကို ခိုင်မာဘို့လိုတယ်…
တကယ်လို့သင်သာ အမှားထဲက ပြုံးနိုင်သူ
ဖြစ်ခဲ့ရင် အောင်မြင်းခြင်းတံခါးကို ဖွင့်ဘို့
နိဒါန်းပျိုးလိုက်တာပါပဲ…
အမှားကို သင်ခန်းစာယူပြီး
အမှားထဲက အမှန်နုတ်ယူတတ်လျင်
ငါ လူဖြစ်ရကျိုးနပ်ပြီးဟု မှတ်ယူနုင်ပေတည်း…
သီးသစ်စ



